Breaking News

ကိုအောင်မှိုင်း - ရှစ်ဆယ့်ရှစ် တမ်းချင်း


ကိုအောင်မှိုင်း  - ရှစ်ဆယ့်ရှစ် တမ်းချင်း

(မိုးမခ) ဩဂုတ် ၉၊ ၂၀၂၀


၃၂နှစ် မနေ့ကလိုပါဘဲလား။

အသက်တွေသာ အိုသွားကြတယ်
စိတ်ဓါတ်တွေက ဓါးလိုထက်နေခဲ့
ထက်အောင်လဲ သွေးနေကြဆဲ။


၃၂နှစ် မနေ့ကလိုပါဘဲလား။

အာသာပြေမိန့်ခွန်းတွေသာ အိုသွားကြတယ်
ခေါင်းဆောင်ကြီးများကတော့ ပျိူလို့နုလို့
စစ်ဖိနပ်အောက်မှာ ငြိမ်ဝပ်ပိပြားကြဆဲ
မဲတောင်းပွဲ မဲလုပွဲတွေနဲ့ ပျော်နေကြဆဲ။


၃၂နှစ် မနေ့ကလိုပါဘဲလား။

ခတ္တာရေ ဝါခေါင်မိုးတွေနဲ့အတူ
တချိန်က သွေးပင်လယ်ဝေရာ
လမ်းမကြီးတွေပေါ်မှာ ပြန်ဆုံချင်စမ်းပါဘိ
တိုက်ပွဲပျော်များနဲ့အတူပေါ့။

၃၂နှစ် မနေ့ကလိုပါဘဲလား။

လွတ်တော်တွင်း လွတ်တော်ပတဲ့
အတွင်းမောင်တွေက စင်းချည်းခံနေကြပြီး
အပြင်မောင်တွေကတော့ ဖျင်းချည်းခံနေရ
လူထုဘဝမှာလဲ မလှမပ။

လူထုဖြစ်ရတာ ကံဆိုးလှချည့်။

ထိုးချစရာရှိရင် လူထုတာဝန်
လုပ်ချင်တာလုပ်ပြီးရင် လူထုတာဝန်
မရှုနိုင်မကယ်နိုင်ဖြစ်ရင် လူထုတာဝန်
စားစရာမရှိရတဲ့ကြားက တာဝန်တွေကများ
ပြားမှပြား တုံးအောက်ကဖား။


မတရားတဲ့ ဥပဒေတွေကို
တာဝန်အရ ဖီဆန်ကြ
ဖီဆန်တော်လှန်တဲ့နေ့ဟာ
အောင်ပွဲအစကို ရောက်တဲ့နေ့ဘဲ
လမ်းမကြီးတွေပေါ်ထပ်ဆုံချင်သေး။

ကိုအောင်မှိုင်း
(၈.၈.၂၀၂၀)