မောင်စွမ်းရည် - ဗကပ
မောင်စွမ်းရည် - ဗကပ
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၂၁
“သူတို့က မလာတာလား”
“သူတို့ကို မခေါ်တာလား”
သူပုန်အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့တို့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအတွက် မကြာခဏ တွေ့ဆုံ ဆွေးနွေးကြတာကို စာနယ်ဇင်းတွေမှာ ဖတ်ရပါတယ်။ တကယ်ပဲ ပြည်တွင်းငြိမ်းချမ်းရေးကြီး ရတော့မလားလို့လည်း လည်ပင်းတဆန့်ဆန့်နဲ့ မျှော်လင့်ကြရတာလည်း အခါခါပါပဲ။ မျှော်နေတာ မောလှပေါ့။
‘ငြိမ်းချမ်းရေး ဟူသည် ပျားသကာသို့ ချိုသည်’ တဲ့။ စာဆိုကြီး မြို့မငြိမ်းရဲ့သီချင်း ထင်ပါရဲ့။ ပျားသကာသို့ ချိုတဲ့ ငြိမ်းချမ်းရေးကို ဘယ်သူကမှ မငြင်းဆိုပါ။ မလိုချင်၊ မတပ်မက်သူ မရှိပါ။ တိုင်းပြည် မငြိမ်းချမ်းလို့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အရေးကိစ္စတွေ အများကြီးမှာ အထစ်အငေါ့ အဟန့်အတားတွေ အများကြီး ဖြစ်ခဲ့ကြရပါတယ်။ မြန်မာပြည် လွတ်လပ်ရေး ရပြီးစက အရှေ့တောင်အာရှမှာ အကြွယ်ဝဆုံး နိုင်ငံငယ်အဖြစ် ဂုဏ်တင့်ခဲ့ပါတယ်။ ပညာရေး ဆိုလည်း ထိပ်ဆုံးကမို့ အိမ်နီးချင်းတွေ အားကျခဲ့ရသတဲ့။ မယုံချင်လည်း ပုံပြင်သာ မှတ်ပေတော့။
အခုတော့ ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံထဲမှာ ပါဝင်သွားခဲ့ရပါပြီ။ တရားခံကတော့ ပြည်တွင်းစစ်။ ပြည်တွင်းစစ်ရဲ့ တရားခံတော့ ပြန်မရှာတော့ပါဘူး။ သမိုင်းဖြစ်သွားခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် တိုင်းပြည်ငြိမ်းချမ်းမှ စီးပွားရေး ဖြစ်ထွန်းနိုင်မှာပါ။ မငြိမ်းချမ်းခဲ့တာက လွတ်လပ်ရေးသက်တမ်းနဲ့အမျှ ဆိုတော့ ရာစုနှစ် တဝက်မက ကျော်ခဲ့ပါပြီ။
‘ငြိမ်းချမ်းရေးဟာ ပျားသကာလို ချိုသည်’ တဲ့။ ပြည်တွင်းစစ်ဟာ ခါးတမာလို မချိုပြီပေါ့။
ဒီကြားထဲမှာ စစ်တပ်က အာဏာသိမ်းလိုက်တာက အကြာကြီး။ သူပုန်ကို အကြောင်းပြပြီး ကြီးထွားလာတဲ့ စစ်တပ်ကြီးဟာ သူပုန်ကို အပြတ်မရှင်းနိုင်ဘဲ သူကိုယ်တိုင် သူပုန်ဖြစ်ပြီး တိုင်းပြည်ရဲ့အာဏာကို သိမ်းပိုက်ခဲ့ပါတယ်။ တိုင်းပြည်ရဲ့ ကြွယ်ဝသမျှ သယံဇာတပစ္စည်းတွေကို ပြည်ပ ရောင်းစားပြီး ရသမျှ ဝင်ငွေကို ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေရဲ့ အိတ်ထဲကို ထည့်ခဲ့ကြပါတယ်။ ပြည်သူလူထု အများစုရဲ့ ဘဝကတော့ ဆင်းရဲသထက် ဆင်းရဲလာခဲ့ပါတယ်။ ခုအခါ စစ်တပ်လက်ထဲက နိုင်ငံ့အာဏာကို ပြည်သူ့လက်ထဲသို့ အနုနည်းနဲ့ တဖြည်းဖြည်း ပြန်ယူလာနိုင်ခဲ့ပါပြီ။ ဗိုလ်ချုပ်တွေကလည်း ဝအီပြီး အိပ်ငိုက်လာပါပြီ။ ဒါပေမဲ့ စစ်တပ်ကတော့ စစ်တပ်ပဲ မဟုတ်လား။ စစ်တပ်ရဲ့ တာဝန်တရပ်က ပြည်သူ့ဘဝကို ငြိမ်းချမ်းအောင် စောင့်ရှောက်ကာကွယ်ဖို့ မဟုတ်လား။
အစိုးရအဖွဲ့တိုင်းဟာ ငြိမ်းချမ်းရေးကို လိုလားတယ်။ လိုလားရမယ်။ လိုလားအပ်တယ်။ မငြိမ်းချမ်းရင် ပိုပြီး စီးပွားဖြစ်တဲ့ အစိုးရအဖွဲ့၊ အစိုးရအဖွဲ့သာလျှင် စီးပွားဖြစ်စေတဲ့ မငြိမ်းချမ်းရေး (ဝါ) စစ်ပွဲတွေ ဖြစ်နေတဲ့ အခြေအနေ။ ပြည်သူတွေကတော့ ဘာဖြစ်ဖြစ် ငြိမ်းချမ်းမှ လယ်ယာစိုက်ပျိုးလို့ရတယ်။ ငြိမ်းချမ်းမှ ကုန်သွယ် ရောင်းဝယ်လို့ ရတယ်။ လက်နက်ကိုင်တွေကတော့ မငြိမ်းချမ်းရင် စီးပွားဖြစ်တယ်။ ခုအခါ ဗိုလ်ချုပ်တွေမှာ ဘီလီယံနာနဲ့ မီလီံနာတွေချည်း ဖြစ်ကုန်ကြလို့ ဝအီနေကြပြီ။ အခု သူတို့ နားနေကြပြီ။ ဒါပေမဲ့ သူပုန်တွေကိုတော့ အပြုတ်တိုက်မပစ်ဘူး။ သူပုန်ကလည်း သူတို့ လိုချင်တာ မရရင် မဖြုတ်ဘူး။ ဒီလိုအချိန်မှာပဲ အစိုးရတာဝန်က ငြိမ်းချမ်းရေးရအောင် လုပ်ပေးဖို့ပါပဲ။
ဒါ့ကြောင့် အစိုးရနဲ့ သူပုန်အဖွဲ့အစည်းတွေ တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးစေ့စပ်ကြပါတယ်။ ၁၀ ခါ၊ ၁၅ ခါ၊ အခါ ၂၀ … ။
မွန်၊ ကရင်၊ ကယား၊ ဝ၊ ကချင် စတဲ့ တိုင်းရင်းသား သူပုန်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးကြပါတယ်။ ဒီလို ဆွေးနွေး စေ့စပ်တဲ့အခါမှာ စစ်တပ်က ပါလာရပါတယ်။ တကယ် တိုက်ရတာက စစ်တပ်နဲ့ သူပုန်အဖွဲ့များ မဟုတ်လား။ ဒီလို သူပုန်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ အနိမ့်ဆုံး အောင်မြင်မှုလို့ ဆိုရမှာက အပစ်အခတ် ရပ်စဲရေးပါပဲ။ ဒီရပ်စဲရေးက အချိန်မရွေး ပြန်စနိုင်ပါတယ်။ ဒါကြောင့် လုံးဝ ငြိမ်းချမ်းရေးပဲ လိုအပ်ပါတယ်။
ဒီလို ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးရာမှာ ခုတလော ဆွေးနွေးပွဲတွေမှာ ဗကပ ခေါ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ မပါသေးပါဘူး။ ကွန်မြူနစ်တွေ ပါတယ်လို့ မကြားရသေးပါ။ ကွန်မြူနစ်တွေနဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်နေတယ်လို့လည်း မကြားမိပါ။ ကွန်မြူနစ်တွေ တောတွင်းတနေရာမှာ ရှိနေတယ်လို့လည်း မကြားမိပါ။ ဟိုအရင်တခါတုန်းက ကွန်မြူနစ်တွေ အသံလွှင့်တဲ့ ‘ပြည်သူ့အသံ’ ဆိုတာမျိုးလည်း လုံးဝ မကြားရတော့ပါ။ လွန်ခဲ့တဲ့ ဆယ့်လေး ငါးနှစ်လောက်က ထင်ပါရဲ့။
အမေရိကန် ရေဒီယိုသတင်းဌာနတွေနဲ့ ဗြိတိသျှသတင်းဌာနတွေက ကွန်မြူနစ် ခေါင်းဆောင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇောနဲ့ ဆွေးနွေးကြတာတွေ ကြားလိုက်မိပါတယ်။ ခုအခါ ဗိုလ်ချုပ်ကျော်ဇော မရှိတော့ဘူး။ ကွယ်လွန်ခဲ့ရှာပြီ။ သူ့သမီး လှကျော်ဇောရဲ့ အသံ တခါတရံ ကြားရပါတယ်။ နောက်တဦးက လူထုဖိုးသံချောင်းရဲ့ အသံ။ ခုတလောတော့ သူတို့အသံတောင် မကြားရတာ ကြာပါပြီ။
ခုအခါ ဗကပ လက်ကျန်များဟာ ပြည်တွင်းမှာ မရှိကြတော့ပါ။ တောတွင်းမှာလည်း မနေနိုင်ကြတော့ပါ။ တရုတ်ပြည်တွင်းမှာ သွားရောက် ခိုလှုံနေကြပါတယ်။ ‘ခိုလှုံတယ်’ ဆိုတာ ခိုလှုံရုံပါပဲ။ အစည်းအဝေးတွေ၊ ညီလာခံတွေ လုပ်သံလည်း မကြားရပါ။ မကြားမိတော့ပါ။ အစိုးရက အပစ်အခတ် ရပ်စဲရေး ဆွေးနွေးကြတဲ့အထဲမှာလည်း မပါရှိပါ။ သူတို့က ပစ်မှ မပစ်ကြတော့ဘဲကိုး။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေး မဆွေးနွေးတော့တာလား မသိ။ ဒါပေမဲ့ သေချာတာက သူတို့ ရှိနေသေးတယ်။ တရုတ်ပြည်မှာလည်း ရှိနေကြပါသေးတယ်။
သူတို့ ပြန်လာရင် အစိုးရက (စစ်တပ်က) ဖမ်းဆီး ထောင်ချမှာလား၊ ပစ်ခတ် တိုက်ထုတ်မှာလား။ ဘာမဆို ဖြစ်နိုင်ပါတယ်။ သူတို့နဲ့က အပစ်အခတ် ရပ်စဲရေး ဆွေးနွေးကြရာမှာ ကွန်မြူနစ်များ မပါပါ။ မဖိတ်ခေါ်တာလား၊ မလာတာလား မသိရပါ။ နားစွင့်နေတဲ့ ပြည်သူများအနေနဲ့တော့ မအီမလည်ကြီးပါ။ မတင်မကျကြီးပါ။
တခြား တိုင်းရင်းသားသူပုန်အဖွဲ့တွေကို ဖိတ်ခေါ်ပြီး ဆွေးနွေးသလို ဗကပ ကိုလည်း အစိုးရက မဖိတ်ခေါ်ဘူး။ ဖိတ်ခေါ်ပါလျက်နဲ့ မလာတာလား။ အသေအချာ သိချင်ပါတယ်။ မဖိတ်ခေါ်ရသေးရင် ဖိတ်ခေါ်ပြီး သူတို့ လက်နက်မကိုင်တော့ရင် သူတို့ကို မြေပေါ်မှာ တရားဝင် ရပ်တည်ခွင့်မပေးနိုင်ဘူးလား။ လက်နက်စွန့်လွှတ်ခဲ့ပြီးတော့ ဒီမိုကရေစီဘောင်အတွင်းမှာ သူတို့ နိုင်ငံရေး လုပ်ချင်ရင်လည်း အများနည်းတူ လုပ်ကြပေါ့။ ဗိုလ်နေဝင်း ရှိစဉ်ကတော့ အစိုးရက လက်ခံချင်တောင်မှ စစ်တပ်က လက်မခံတဲ့သဘောမျိုး ရှိဟန်တူပါတယ်။
ဗိုလ်နေဝင်းက ကွန်မြူနစ် မုန်းသူ၊ အမုန်းစွဲ ရှိသူပါ။ ခု သူလည်း မရှိတော့ပါ။ အခုအစိုးရနဲ့ ကွန်မြူနစ်နဲ့ ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ဘူးလား။
ငြိမ်းချမ်းရေးလိုလားသူပြည်သူတဦး