ဇင်လင်း - ၂၀၂၁ ခုနှစ်တွင် စစ်ဘေးဒုက္ခခပ်သိမ်း ကင်းစင် ငြိမ်းချမ်းပါစေ

(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၂၁
ခရစ်သက္ကရာဇ် ၂၀၂၀ ပြည့်နှစ် ကုန်ဆုံး၍ ၂၀၂၁ ခုနှစ် ခရီးစဉ် စတင်တာထွက်တော့မည်။ ၂၀၂၀ ပြည်နှစ်အတွင်း လက်စ မသတ်နိုင်ခဲ့သော နိုင်ငံ့အရေးအရာတို့ကို ပြန်လည် သုံးသပ်ကြရမည့် အချိန်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့ အတွက် ၂၀၂၀ ပြည့်နှစ်က ချန်ထားရစ်သော ကိစ္စများစွာအနက် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်ကုသရေးသည် ၂၀၂၁ တွင် အရေးအကြီးဆုံး ဆက်လက်ဖြေရှင်းရမည့် ကိစ္စဖြစ်နေသည်။ ထို့အပြင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်(NCA) ကလည်း သောင်မတင်ရေမကျ ကျန်နေရစ်သည်။ နောက်ဆက်တွဲ ခရီးပြင်းနှင်ရဦးမည့် ၂၁-ရာစုပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးကိုလည်း အပြီးသတ်ရန် ရှိသေးသည်။ အနှစ်ချုပ် ပြောရလျှင် လက်ရှိအစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးမူဝါဒနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ကို ဆက်လက် အကောင်အထည်ဖေါ်ရန်မှာ ၂၀၂၁ တွင် မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန် ဖြစ်သည်။ သို့မှသာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မည် ဖြစ်ပေသည်။
နှစ်သစ်အဖွင့်တွင် အစိုးရသစ်အနေဖြင့် အထူးဂရုစိုက် ဆောင်ရွက်သင့်သည့် ကိစ္စတစ်ခုမှာ စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်ပို့နိုင်ရေးဖြစ်သည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(UNOCHA)က ဒီဇင်ဘာ လ ၂၃ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ရာ၌ မြန်မာနိုင်ငံအတွင်း စစ်မက်ပဋိပက္ခများကြောင့် နေရပ် စွန့်ခွာတိမ်းရှောင်နေထိုင်ရသူများ နေရပ်ပြန်ရေးဆောင်ရွက်နေပုံနှင့် စစ်မက်ဖြစ်ပွားရာ ဒေသများရှိ ပြည်သူ ၉ သိန်းခွဲခန့် ကို အကူအညီပေးရန် လိုအပ်နေပုံများကို ဖော်ပြထားသည်။
မြန်မာပြည်အတွင်း စစ်မက်ဖြစ်ပွားရာဒေသနေ ပြည်သူများနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့(UNOCHA)၏ ဒီဇင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်ချက်၌ ရခိုင်ပြည်နယ်တွင် ၂ဝ၁၂ ခုနှစ် ပဋိပက္ခများ ဖြစ်ပွားချိန်ကစပြီး ဒုက္ခသည်စခန်းများ၌ နေထိုင်ရသူ ဦးရေ ၁၂၅,ဝဝဝ ခန့်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း တပ်မတော် နှင့် ရခိုင့်တပ်တော်(AA) တို့အကြား တိုက်ပွဲများကြောင့် ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင် ပြည်သူ တစ်သိန်းကျော်အထိရှိခဲ့ကြောင်း၊ ရှမ်းပြည်မြောက်ပိုင်းတွင် လည်း စစ်ဘေးဒုက္ခသည် ရ,၈ဝဝ ကျော်အထိ ရှိနေပြီး၊ အဆိုပါ ဒုက္ခသည်များအနက်မှ အိမ်ထောင်စု ၁ဝဝ ကျော်ကို ပြည်နယ်အစိုးရက လာမည့် ၂၀၂၁ နှစ်ဦးပိုင်းကာလအတွင်း ပြန်လည်နေရာချထားရေး စီစဉ်နေကြောင်း စသဖြင့် ဖော်ပြထားသည်။ ဖေါ်ပြပါ ဒုက္ခသည်စာရင်းတွင် မပါဝင် သေးသူများ လည်း ရှိနိုင်သည်ဟု ဆိုသည်။
စစ်ဖြစ်နေသည်မှာ ကြာပြီဖြစ်သော ကချင်ပြည်နယ် စစ်ရှောင်ပြည်သူများ၏ မူလနေထိုင်ခဲ့ရာ နေရာဒေသများတွင် တရုတ် စီးပွားရေးသမားများ ၀င်ရောက်နေရာယူ လုပ်ကိုင်နေကြခြင်းများ ရှိနေသည်။ ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ ဒေါ်ဒွဲဘူက တိုက်ပွဲများ ခိုင်ခိုင်မာမာ ရပ်စဲစေလိုသည်ဟု ဝေဖန်ပြောကြားသည်။
“အခုဆိုရင် ၉ နှစ် ၁ဝ နှစ် ရှိလာပြီဆိုတော့ တော်တော်ကြာလာပြီ။ ကိုယ့်ဒေသ ပြန်မယ် ဆိုရင်လည်း သူတို့ရဲ့ လယ်ယာ မြေ နေအိမ်တွေ အကုန်လုံးပျက်စီးပြီ။ စားဖို့ သောက်ဖို့ ကလည်း ခက်ခဲပြီ။ ရေရှည်စစ်ရှောင်စခန်းတွေမှာ နေဖို့ဆိုတာက လည်း မလွယ်ဘူး။ ကူညီပံ့ပိုးတဲ့ သူတွေကလည်း ကြာလာတော့ အခက်အခဲတွေရှိလာပြီ။ ခု စစ်ပွဲတွေ ခဏရပ်နေတယ် ဆိုပေမယ့် ရေရှည်တည်တံံ့တဲ့အနေအထား ဟုတ် မဟုတ် ဆိုတာ ပြောလို့မရဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်လာဖို့က အရမ်းအရေးကြီးပါတယ်။ လုံးဝ အပစ်အခတ်မရှိတော့ဘူးလို့ အာမခံနိုင်တဲ့အခါကျမှသာ စစ်ရှောင် တွေအနေနဲ့လည်း သူတို့မူလနေရာတွေ ပြန်ရေးအတွက် ဆုံးဖြတ်ချက်ချဖို့ ပိုပြီး လွယ်ကူပါလိမ့်မယ်” ဟု ဒေါ်ဒွဲဘူက ဆိုသည်။
ဒေသခံပြည်သူများအတွက် မြေမြှုပ်မိုင်းအန္တရာယ်ကလည်း အဓိကပြဿနာ ဖြစ်နေသည်။ UNOCHA ၏ ဒီဇင်ဘာ လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံတဝန်း ၂၀၂၀ ပြည့်နှစ်အတွင်း မြေမြှုပ်မိုင်းဒဏ်ကြောင့် လူ ၅၇ ဦးသေဆုံးပြီး ၁၆ဝ ခန့် ဒဏ်ရာရခဲ့ကြောင်း၊ လာမည့် ၂ဝ၂၁ ခုနှစ်တွင် မြန်မာပြည်အတွင်း စစ်မက်ဖြစ်ပွားရာ ဒေသများတွင်နေထိုင်သူ ၉ သိန်းခွဲ နီးပါးကို အကူအညီပေးရေးအတွက် အမေရိကန်ဒေါ်လာ၂၇၆ သန်းခွဲ လိုအပ်မည် ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၁၉၉၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုတာ ကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အသုံးပြုနေသော မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူနှင့် သေဆုံးသူ ငါးထောင်နီးပါး ရှိကြောင်း မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံဆော်ရေးအဖွဲ့က ပြောသည်။
နိုင်ငံပေါင်း ၁၀၀ ခန့်တွင် ဖြန့်ကြက်လုပ်ဆောင်နေသည့် မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံး လှုံ့ဆော်ရေးအဖွဲ့ (ICBL) ၏ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်း အစီရင်ခံစာ ထုတ်ပြန်မှုနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂၁ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ICBL ၏ သုတေသီ ယက်စ်ဟူဆွာ မိုဆွာ ပူအန်စူဝမ်က သတင်းထောက်များကို ပြောကြောင်း မဇ္ဈိမသတင်း၌ ဖေါ်ပြသည်။
“ငါးထောင်လောက်ဆိုတာ ကျွန်တော်တို့ မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံကို လေ့လာစောင့် ကြည့်မှု စတင်ခဲ့တဲ့ အချိန်ကနေ လက်ရှိအချိန်အထိ ရတဲ့စာရင်းပါ။ ဒါ ကျွန်တော်တို့ အနည်းဆုံးလို့ သုံးထားတာပါ။ အနည်းဆုံး သုံးထားတာ ဖြစ်တဲ့အတွက်ကြောင့် ဒီထက်အများကြီး ပိုနိုင်ပါတယ်။ ဒီထက်အများကြီး ပိုလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။” ဟု သုတေသီ ယက်စ်ဟူဆွာ မိုဆွာ ပူအန်စူဝမ်က ပြောသည်။
မြေမြှုပ်မိုင်းဒဏ်ကြောင့် ထိခိုက်၊ သေဆုံးမှု အများဆုံး ခံစားရသည့် ပြည်နယ်များမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ဖြစ်သည်။ မြေမြှုပ်မိုင်းမှန်းမသိ၍ ထိတွေ့ကိုင်တွယ်မိရာမှ ပေါက်ကွဲခြင်းနှင့် မိုင်းအန္တရာယ်ရှိသည့် နေရာများတွင် အဓမ္မစေခိုင်းခံရ၍ သေဆုံးမှုများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကမ္ဘာ့အစိုးရ စုစုပေါင်း ၈၀ ရာခိုင်နှုန်းဖြစ်သော နိုင်ငံပေါင်း ၁၆၄ နိုင်ငံက မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်ကို လက်ခံကျင့်သုံးနေသကဲ့သို့ ထပ် ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်းသဘောတူစာချုပ်ကို နိုင်ငံပေါင်း ၁၂၃ နိုင်ငံက လက်ခံကျင့်သုံးနေကြ သော်လည်း မြန်မာနိုင်ငံသည် ယင်းစာချုပ်နှစ်ခုစလုံးတွင် လက်မှတ် မရေးထိုးရသေးကြောင်း ICBL က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး လုပ်ငန်းများ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်ကာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ ၁၉၀၀ ခန့်ရှိပြီး မြေမြှုပ်မိုင်းကြောင့် နေ့စဉ် လူတစ်ဦးနှုန်း သေဆုံးနေရကြောင်းလည်း သုတေသီ ယက်စ်ဟူဆွာ မိုဆွာ ပူအန်စူဝမ်က ပြောသည်။ ဒေသခံများ စားဝတ်နေရေး အတွက် သွားလာလှုပ်ရှားနေသည့် နေရာများတွင် မိုင်းပေါက်ကွဲမှုများကြောင့် နေ့စဉ်နှင့်အမျှ စိုးရိမ်စိတ်များ ရှိနေကြ ကြောင်း ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက ပြောသည်။ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲဖော်ဆောင်ရာတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်နစ်နာစေမည့် ကိစ္စရပ်မျိုးကို မလုပ်ဆောင် သင့်ကြောင်းလည်း စောစံငြိမ်းသူက တိုက်တွန်းသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြောင့် တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့သည် မြေမြှုပ်မိုင်းကို လက်ရှိအချိန်ထိ ဆက်လက် အသုံးပြုနေကြဆဲဖြစ်ပြီး မြန်မာ နိုင်ငံသည် အာရှဒေသများအနက် မြေမြှုပ်မိုင်း အသုံးပြုမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်ကြောင်းလည်း နိုင်ငံတကာ မြေမြှုပ် မိုင်း တားဆီးရေးအဖွဲ့(ICBL) ၏ အစီရင်ခံစာ၌ ဖေါ်ပြသည်။
၂၀၂၀ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လ အတွင်း မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှု ကြောင့် တစ်နိုင်ငံလုံးတွင် ကလေး ၁၅ ယောက် သေဆုံးခဲ့သည်။ ယင်းအနက် ၁၃ ယောက်သည် ရခိုင်ပြည်နယ်မှ ဖြစ် သည်ဟု UNICEF အစီရင်ခံစာ၌ ဖော်ပြထားသည်။ ဒဏ်ရာရရှိသည့် ကလေးသူငယ် တစ်နိုင်ငံလုံးတွင် ၅၉ ယောက်ရှိပြီး ၃၄ ယောက်သည် ရခိုင်ပြည်နယ်မှ ဖြစ်ကြောင်း (UNICEF) ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ အသက်ရှင်သန်ရန်၊ ဖွ့ံဖြိုးတိုးတက်ရန်၊ ကာကွယ်စောင့်ရှောက်မှု ရရှိရန်နှင့် လူမှုအဖွဲ့ အစည်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရန် အစရှိသော အခွင့်အရေးများ ရှိနေသော်လည်း ရခိုင်ပြည်နယ်ရှိ ကလေးငယ် များ ယင်းဥပဒေပါ ရပိုင်ခွင့်များကို မရရှိကြကြောင်း ယူနီဆက် (UNICEF) က ဆိုသည်။
အလားတူ ကိစ္စတစ်ခုမှာ ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင် ဒုက္ခသည် အမျိုးသမီးများသည်လည်း ဒုက္ခသည်စခန်းများတွင် လုံခြုံရေးလိုအပ်ချက်ကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေ ကြရသည်ဟု ဆိုသည်။ ထို စစ်ဘေးဒုက္ခသည် အမျိုးသမီးများ၏ အခက်အခဲများကို အစိုးရကလည်း တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဝန်ခံပြောဆိုထားသည်ဟု RFA သတင်းအရ သိရ သည်။ ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများကြောင့် ဒေသခံများ အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာ စစ်ဘေးရှောင် ဒုက္ခ သည် စခန်းများ၌ ထွက်ပြေးခိုလှုံနေကြရသည်။ ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည် ၆၀ ရာခိုင်နှုန်းကျော် သည် အမျိုးသမီးများဖြစ်သည်ဟု အမျိုးသမီးအရေးဆောင်ရွက်သည့် အဖွဲ့များက ထောက်ပြကြသည်။
ကချင်ပြည်နယ်အတွင်း၌ တိုက်ပွဲမရပ်နိုင်၍ ဒေသခံ ၁၀ဝ,ဝဝဝ ကျော် လက်ရှိ အချိန်အထိ ဒုက္ခသည်စခန်းများတွင် ရှိနေ သည်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြောင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည် စခန်း ၉ ခုတွင် လည်း မြန်မာဘက်မှ စစ်ပြေး ဒုက္ခသည် တစ်သိန်းနီးပါး လက်ခံထားရကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်ကူညီ စောင့်ရှောက်ရေးအဖွဲ့ (TBC) ၏ ၂၀၂၀-ဧပြီလ အစီရင်ခံစာ၌ ဖေါ်ပြသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိစ္စအတွက် အဆုံးအဖြတ်ပေးရန် တာဝန်ရှိသော ခေါင်းဆောင်များ အနေဖြင့် စစ်ဘေး ရှောင် ပြည်သူလူထု၏ ဆင်းရဲဒုက္ခအဝဝကို ထောက်ထားစာနာကြစေလိုသည်။ စစ်စရိတ် ကျခံနေရသဖြင့် ပြည်သူအများ လူနေမှု အဆင့်အတန်းနိမ့်ကျနေရခြင်းကို ခေါင်းဆောင်များ ပြန်လည်သုံးသပ်ရန် လိုသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍ ရေးနှစ် တွင် ကာကွယ်ရေး အသုံးစရိတ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၂၀ဝ ကျော်သုံးစွဲခဲ့သည်။ ပြည်တွင်းစစ် ရပ်စဲနိုင်လျှင် တိုင်းပြည် ငြိမ်းချမ်း၍ ပြည်သူ့ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ဘတ်ဂျက် ပိုမိုသုံးစွဲနိုင်မည်။ နိုင်ငံတော် ၏ ဘတ်ဂျက်ကို နည်းမှန်လမ်းမှန် သုံးစွဲနိုင်မည်ဆိုပါက၊ ငြိမ်းချမ်းသာယာသော ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပေါ်ထွန်းလာရန် အလွန်နီးစပ်ပေသည်။
အနှစ်ချုပ်သုံးသပ်ရလျှင် ယနေ့မြန်မာနိုင်ငံ၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) ၌ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အားလုံး လက်မှတ်ထိုးနိုင်ရေး ပြေပြစ်ချောမောအောင် အစိုးရနှင့် တပ်မတော်တို့က လမ်းဖွင့်ပေးဖို့လိုသည်။ သို့မှသာ နိုင်ငံရေး သဘောတူညီမှု ရလဒ်များကို ဖေါ်ထုတ်နိုင်မည် ဖြစ်သည်။ နိုင်ငံရေးတန်းတူညီမျှခွင့်နှင့် တရားဥပဒေ ရှေ့၌တန်းတူညီမျှ အခွင့်အရေးရရှိရန် နိုင်ငံရေးနည်းအရ အဖြေရှာခြင်းအားဖြင့်သာ ရလဒ်ကောင်းထွက်နိုင်သည်။ ယနေ့ တိုင် ငြိမ်းချမ်းရေး အဖြေမထွက်နိုင်ခြင်းမှာ လက်နက်ကိုင်နည်းဖြင့်သာ တရားသေဆုပ်ကိုင် အဖြေရှာနေကြ၍ ဖြစ်သည်။ ဖက်ဒရယ် ပြည်ထောင်စုဆီသို့ရောက်ရှိရေးအတွက် ရှေ့တစ်လှမ်း တက်နိုင်ရန် ၂၁-ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံတွင် မာနနှင့် အာဃာတများ ခဝါချ၍ ရိုးသားပွင့်လင်းစွာ ဆွေးနွေးအဖြေ ရှာသင့်သည်။ ဖက်ဒရယ် နိုင်ငံရေး သန္နိဋ္ဌာန် ခိုင်မာစွာ ချကြဖို့လည်း လိုမည်။ ဤနည်းအားဖြင့် ၂၀၂၁ ခုနှစ်ဆန်းချိန်တွင် ပြည်သူလူထု လိုလားတောင့်တသော “တရားဥပဒေ စိုးမိုး၍ တည်ငြိမ်အေးချမ်းသော ပြည်ထောင်စုသစ်” ဆီသို့ သွားရာ ခရီးလမ်းကို အောင်မြင်စွာ ရှာဖွေတွေ့ရှိ နိုင်လိမ့်မည် ဖြစ်သည်။ သို့မှသာ ၂၀၂၁ ခု နှစ်သစ်တွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် စစ်ဘေးရှောင် ဒုက္ခသည်များ ကို ဆင်းရဲဒုက္ခနွံထဲမှ အစိုးရအသစ်က ကယ်တင်နိုင်လိမ့်မည်ဟု သုံးသပ်မိသည်။။။
ဒီလှိုင်းစာစောင်၊ အတွဲ ၉၊ အမှတ် ၄၀၊ ၃၁ - ၁၂ -၂၀၂၀ ကြာသပတေးနေ့ထုတ်၌ ဖေါ်ပြသည့် ဆောင်းပါး။