Breaking News

ဇော်ထက်(ပျဉ်းမနား) - ၂၀၂၁ တော်လှန်တေး


 

ဇော်ထက်(ပျဉ်းမနား) - ၂၀၂၁ တော်လှန်တေး

(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၂၁


✊စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး

✊တို့အရေး
✊တို့အရေး
✊တို့အရေး”

🔴ငါတို့ပြည်သူတွေရဲ့
ငြိမ်းချမ်းရေးစည်တီးသံကြောင့်
ကမ္ဘာကြီးလည်း
တုန်ဟည်းသွားခဲ့ရပြီ....၊

စစ်ဘိနပ်အောက်ရောက်ရင်
ငါတို့ဝိဉာဉ်တွေက
ထာဝရ
အမှောင်ချခံကြရတော့မယ်...၊

🔘လက်နက်အားကိုး
ဒီပုဆိန်ရိုးတွေကြောင့်
မျိုးဆက်သစ်တွေဘဝဆုံး
ပျက်သုဉ်းရတော့မှာလား....၊

🟣သူ့ကျွန်မခံရဖို့
အသံညာပေး
သံသာတေးတွေ
ညီညီညာညာလေး
ဆက်ဆိုပေးကြစို့....၊

✊တို့အရေး
✊တို့အရေး
✊တို့အရေး”

အဲဒါဟာ...

တို့တိုင်းပြည်ရဲ့အရေး၊

အဲဒါဟာ...

တို့တိုင်းပြည်ရဲ့အရေး၊

အဲဒါဟာ.....

တို့တိုင်းပြည်ရဲ့ တေး.....။     ။

ဇော်ထက်(ပျဉ်းမနား)
(၈၊၂၊၂၀၂၁)