Breaking News

ကျော်ဟုန်း - ခရာတွတ်သံ - ၂၁



ကျော်ဟုန်း - ခရာတွတ်သံ - ၂၁

(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁


ငါတို့ စိတ်တွေကို
ကျည်ထိုးထားကြ။

ငါတို့ ဦးနှောက်တွေကို
လင့်စင်ထိုးထားကြ။

ငါတို့ နှလုံးစိုင်တွေကို
​ခြံခတ်ထားကြ။

ဟိုမှာ တွေ့လား
လူ့စည်းဝိုင်းထဲ
​မြင်မြင်သမျှ ဆွဲ
ကျားနာတွေ
သောင်းကျန်းနေပြီ။

ကျော်ဟုန်း
၂၀၂၁၀၂၁၆