Breaking News

ကိုအောင်မှိုင်း - မိုးကောင်းကင်က ကြယ်စင်



ကိုအောင်မှိုင်း - မိုးကောင်းကင်က ကြယ်စင်

(မိုးမခ) မေ ၇၊ ၂၀၂၁

ငါက
ကဗျာသမား
ထာဝရဦးထိပ်ထားတာက
သစ္စာတရားနဲ့ မေတ္တာတရား
တားမရတာက ပေါက်ကွဲမှုသံစဉ်များနဲ့
ထိမ်းမရနိုင်တဲ့ နှလုံးသားကကြေကွဲမှုများပါ။

သမီး
ခွဲခွာသွားခဲ့တဲ့
၂ လကြာနေ့မှာတော့
ကဗျာသမားများစွာနဲ့
ပြည်သူများစွာဟာ
ပန်းတိုင်ကို ချီတက်ရင်း
အကျယ်လောင်ဆုံး တေးတွေ
ဟစ်ကြွေးသီဆိုလိုက်ကြတယ်
မျက်ရည်တွေလဲ ကိုယ်စီနဲ့ပေါ့။

မြေပြင်တို့ တုန်ဟီးသွားပါစေ
မိုးကောင်းကင်တို့ ထစ်ချူံးသွားပါစေ
မီးတောင်များစွာ ပေါက်ကွဲသွားပါစေ
သမုဒ္ဒရာများစွာ ပျံသန်းသွားကြပါစေ။

အကိုတို့အမတို့ အဖေတို့အဖိုးတို့
မင်းတို့အတွက် သေနတ်ကိုင်ပါရစေ
တနိုင်ငံလုံး သေနတ်ကိုင်ပါရစေ
အသက်တွေသွေးတွေနဲ့ ရင်းပြီး
ရက်စက်မှုတွေ သတ်ဖြတ်မှုတွေ
ယုတ်မာမှုတွေ လူမဆန်မှုတွေအတွက်
ပြည်သူ့စစ်ပွဲကြီး ဆင်နွဲပါရစေတော့။

တမလွန်က ငါတို့နဲ့အတူ
မင်းကူမယ်ဆိုတာ ပြည်သူတွေယုံနေကြတယ်
လွတ်မြောက်ရင်တော့ တနိုင်ငံလုံးက
တစုတစည်း အမျှဝေကြမယ်
ဆုတောင်းပွဲတွေ နိုင်ငံအနှံ့ကျင်းပကြမယ်။

သံမဏိနှလုံးသားတွေနဲ့အတူ
သွေးခင်းလမ်းတွေဖြစ်ပါစေ
စစ်အာဏာကိုရိုက်ချိူးပစ်ကြမယ်
ရဲရဲဝံ့ဝံ့ဆက်လေ ျှာက်ကြမယ်ဆိုတာ
တိုက်ပွဲတွေနဲ့အတူ သစ္စာပြုလိုက်ပါတယ်
သူရဲကောင်းအာဇာနည်စိတ်ဓာတ် အဓွန့်ရှည်ပါစေ။


ကိုအောင်မှိုင်း

(မေလ ၆ ရက် ၂၀၂၁ခုနှစ်)
(နွေဥိးတော်လှန်ရေးကာလမှာကျဆုံးသွားတဲ့ သမီးလေးကြယ်စင် ၂လပြည့်တဲ့ မေလ ၃ရက်နေ့ အမှတ်တရ ဂုဏ်ပြုလိုက်ပါတယ်။)




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar