မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ခိုင်မျိုး၊ လင်းနွေးအိမ်၊ မင်းငြိမ်းအေး
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
မေ ၂၀၊ ၂၀၂၁
-
ရွာထဲမှာ
လူမျိုးတမျိုးက
လူမျိုးတမျိုးကိုကိုက်ခဲ
ဝါဒတစ်ခုက
ဝါဒတစ်ခုကိုရိုက်လှဲ
တဆစ်ဆစ်နာကျင်ရသောကမ္ဘပဲမဟုတ်လား
သင့်မှာကျည်ဆံ
ဘယ်လောက်ကျန်သေးသလဲ
လောကဓံတရားကဆက်တက်လာတုန်းပဲ
အဖေသေဆုံးခဲ့ပြီ
အမေကွယ်လွန်ခဲ့ပြီ
ကျွန်တော့်ဘဝပြောင်းကလည်းမီးတောက်မတတ်
ပူနေပြီ
သင့်မှာရောကျည်ဆံဘယ်လောက်ကျန်သေးလဲ
လှေခွက်ထဲအလံကိုင်ထားဆဲကလေးတွေပေါ့
ကျည်ကွယ်ရာက
ပြောင်းပူနေတဲ့
သေနတ်နဲ့ကျွန်တော်ရှက်ရဲ့။
ခိုင်မျိုး
-
နှာခေါင်းစည်းနဲ့အသက်ရှုနေရတဲ့နေ့ရက်များ
ရပ်ကွက်ထဲက ဗလမောင်
ကမ္ဘာ့ဟဲဗီးဝိတ်နဲ့တက်ထိုးရတာကို
စိတ်ပူတယ်။
တဘက်မှာတော့
တက်ထိုးရဲတဲ့သတ္တိစစ်စစ်တွေ့နေတာ
အားရတယ်။
ဒီစိတ်နှစ်ခုနဲ့ပဲ
ပိတ်လှောင်ခံထားရတဲ့ နှာခေါင်းစည်းနဲ့
အသက်ရှူကျပ်တဲ့နေ့တွေမှာ
သုံးလကျော်ကြာလာပြီ
မနက်ရောညပါဖြတ်သန်းနေတယ်။
လင်းနွေးအိမ်
မေလ ၁၉ ရက် ၂၀၂၁
-
မင်းတပ်
ဖြူကောင်တွေရှားသွားပေမယ့်
ဖြူဆူးတွေက
ရိုးရာဝတ်စုံမှာ။
အောင်းပဒူတောင်
လက်နှိုက်လာတဲ့ကောင်တွေ။
To me ဆိုပြီး
တောဝက်အစ
ဝက်ဝံအထိ
ကျောက်သားလက်ရေးနဲ့
မျိုးနွယ်အဆက်ဆက်။
ပုစင်းလောက်ကတော့
တောင်ပေါ်ခေါင်ရည်
ချိုမြမြ
တစ်ချက်လောက်ပစ်ရင်
နှစ်ယောက်သေ။
ဒါချင်းတို့ရိုးရာပါ
ချစ်မိရင်
တောင်အောက်ကိုမဆင်းနဲ့။
မင်းငြိမ်းအေး
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar