Breaking News

ဝယ်လိုအား ပျက်စီးခြင်းနဲ့ စားသုံးသူဟန်ချက် မျက်မှောက်ပြသနာ

ဝယ်လိုအား ပျက်စီးခြင်းနဲ့ စားသုံးသူဟန်ချက် မျက်မှောက်ပြသနာ

ပဲခူးဆား သာဂိ (မိုးမခ) မေ ၁၃၊ ၂၀၂၆


အမေရိကန်က သမ္မတကြီး ထရန့်၏ မွှေချက်ကတော့ စံတင်ပါတယ်။ ကုန်သွယ်ခွန်တွေ ကောက်တာ၊ အစိုးရယန္တယားတွေ ကန့်သတ်တာ၊ မဟာမိတ်တွေနဲ့ ရန်ဖက်လုပ်တာတွေကနေ အစ္စရေးမြှောက်ပေးလို့ အီရန်ကို စစ်ဝင်တိုက်တော့ လောင်စာဈေးတက်၊ ကုန်ဈေးနှုန်းတွေတက်၊ အစိုးရတွေကော စာသုံးသူတွေကော ဈေးနှုန်းကြီမြှင့်မှုတွေအပြင် အထွေထွေ အကြပ်အတည်းတွေ ဆိုက်ကုန်ကြပါတယ်။


သည်တော့ ဆွေးနွေးတင်ပြချင်တာက ကုန်ထုတ်လုပ်မှု ပြတ်တောက်ရင် Supply chain disturption ဖြစ်လာရင် ဝယ်လိုအားတွေ ထိခိုက် Demand Damage ဖြစ်လာပါတယ်။ စားသုံးသူတွေဘက်က consumption ကျဆင်းပါတယ်။ သည်အချက်ပါ။ ကိုဗစ်တုန်းက ကုန်သွယ်ရေးလမ်းကြောင်းတွေ ထိတော့ စားသုံးသူတွေတောင်းဆိုတာကို မဖြည့်ဆည်းနိုင်လို့ ဈေးတွေတက်တယ်။ နောက် စီးပွားကျတယ်။ ၂၀၀၈ စီးပွားကျတုန်းက supply chain က ထုတ်လုပ်အားကောင်းတယ်။ စာသုံးအား တောင်းဆိုအားက အလွန် အစားလွန် အဖြုံးလွန်ပြီး မွဲကုန်ကြတယ်။ ဈေးတွေ ကျတယ်။ စီးပွားကျတယ်။ သည်လိုမျိုး ခွဲခြားနိုင်ပါတယ်။


အခုကတော့ ပုံမှန်လည်ပတ်နေတဲ့ စီးပွားရေးကို ပယောဂတွေ ဝင်လာတော့၊ လူတွေလုပ်တဲ့ အနှောက်အယှက်ကြောင့် supply chain က ထိခိုက်တာဖြစ် တယ်။ ဝယ်လိုအားကို မဖြည့်နိုင်တော့ဘူး။ ဈေးတွေ တက်တယ်။ လူတွေ စားသုံးမှုတွေ လျော့ချရတယ်။ demand damage ဝယ်လိုအားတွေ ပျက်စီးခြင်း ဖြစ်ပါတယ်။ လူတွေ လုပ်ငန်းတွေ အစိုးရတွေက သည်အချိန်မှာ -ဟန်ချက်ကို ပြန်ထိန်းကြရပါတယ်။ အရင်အတိုင်း ဆက်စားသုံးချင်လို့မရဘူး။ ငွေပိုပေးပြီး အသုံးအစွဲကို မလျော့ဘူးလို့ တင်းခံလို့ မရဘူး။ ငါတို့ အဖြုံးတွေ အလေအလွင့်တွေ ဘာတွေ ပြင်ဆင်ကြမလဲလို့ စဉ်းစားရပါ်တယ်။ အဆိုးထဲက အကောင်းကို ပြန်ဆယ်ယူကြရပါတယ်။ 


မြန်မာနဲ့ အမေရိကန်က ဘယ်လို ကွာခြားသလဲ။


မြန်မာက နိုင်ငံ၏ နိုင်ငံရေးအကြပ်အတည်းက အဓိကပယောဂပါ။ အခုတော့ ပိုဆိုးတာပေါ့။

  • ကျပ်တန်ဖိုးကျ 📉
  • ကုန်စျေးနှုန်းတက် 📈
  • ဝင်ငွေမတက်


ဘယ်လို ရင်ဆိုင်ကြသလဲ

   ➡️ “ဝယ်ချင်ပေမယ့် မဝယ်နိုင်တော့

  • အသား စားရာကနေ အခြားဈေးသက်သာတဲ့ အရွက်အသီးပဲတွေ ပြောင်းစား
  • အငှားယာဉ်မစီး၊ ဘယ်မှ မသွားကြတော့၊ လမ်းများများ လျောက်
  • ဇိမ်ခံပစ္စည်း လျပ်စစ်ပစ္စည်းတွေ  မဝယ်တော့


🔻 ဆိုးကျိုး

  • လူနေမှုအဆင့် ကျ ⬇️
  • အသေးစားလုပ်ငန်းလေးတွေ ပိတ် 🚪
  • အလုပ်လက်မဲ့ တိုး 👷‍♂️❌
  • စီးပွားရေး ဆုတ်ယုတ် ဆက်လက် ဆုတ်ယုတ်


🔹 ကောင်းကျိုး (အနည်းငယ်)

  • ပြည်ပသွင်းကုန် လျော့ 💵⬇️
  • ပြည်တွင်းဖြစ် ထုတ်ကုန် စိုက်ကုန် မွေးကုန် အသုံးတိုး 🇲🇲


🇺🇸 အမေရိကန်က အစိုးရ၏ Policy လုပ်ပုံတွေကြောင့် ထိခိုက်တာပါ

⚙️ အကြောင်းရင်း

  • ငွေတိုးနှုန်းတွေ မြင့်လာတယ်။
  • ဈေးတွေ ကြီးလာတယ်။
  • လောင်စာဈေးတွေ တက်လာတယ်။


📉 ဖြစ်ပုံ

➡️ “ဝယ်နိုင်ပေမယ့် မဝယ်တော့ (ရွေးချယ်ခြင်း)”

  • အိမ်ဝယ်တာတွေ ရင်းနှီးတာတွေကို ရွှေ့ဆိုင်းလိုက်ကြတယ်
  • ကားအသစ် ပစ္စည်းအသစ်တွေ မဝယ်ပဲ တပတ်ရစ်တွေ ပြောင်းသုံးတယ်။ 
  • Luxury ဇိမ်ခံပစ္စည်းတွေ  လျော့ဝယ်တယ်။ အပြင်မှာ စားသောက်တာ ခရီးထွက်တာ မလုပ်ကြတော့ဘူး။


🔻 ဆိုးကျိုး

  • စီးပွားရေး အတက်နှေး
  • လူတွေ အလုပ်ပြုတ်
  • ဆင်းရဲ ချမ်းသာ ကွာဟမှု ပိုကြီးလာတယ်။


🔹 ကောင်းကျိုး

  • ဈေးတွေ မဖောင်းပွတော့ဘူး
  • စီးပွားရေး တည်ငြိမ်
  • ထိရောက် စိစစ်မှုတွေ ပိုအာရုံစိုက်


⚖️ Key Difference

🇲🇲 မြန်မာ

🇺🇸 အမေရိကန်

မဝယ်နိုင်တော့

မဝယ်ချင်တော့

Crisis

Policy

မထိန်းနိုင်

ထိန်းချုပ်နိုင်

လူနေမှုကျ

Growth နှေး



မြန်မာမှာကတော့ စစ်အုပ်စုကို ဖယ်ရှားလိုက်တာနဲ့ အကုန်အဆင်ပြေသွားမယ်လို့ ပြောကြပါတယ်။ အမရိကားမှာလည်း သည်လိုပါပဲ။ ပေါ်လစီအမှားတွေ လုပ်နေတဲ့ ခေါင်းဆောင်တွေ အမတ်တွေ အစိုးရတွေကို အပြောင်းအလဲလုပ်လိုက်ရင် အဆင်ပြေမှုတွေ ပြန်လာမယ်လို့ သဘောထားကြပါတယ်။ 



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar