ဂါမဏိသို့ ဝမ်းနည်းမှတ်တမ်း
Photo- BINAဂါမဏိသို့ ဝမ်းနည်းမှတ်တမ်း
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၂၁မြန်မာပြည် စစ်အာဏာရှင်မှလွတ်မြောက်ရေးအတွက် တဘ၀လုံးမြုတ်နှံ ဆောင်ရွက်သူ၊ မိမိအမည်ထက် တော်လှန်ရေးအလံတော်ကိုသာ အမြင့်မား လွှင့်ထူသူ၊ အညတရတော်လှန်သော ပြည်သူများနဲ့အတူ အသက်ရှင်သန် နေထိုင်သူ၊ မိုးမခ၏ ပင်တိုင်စာရေးဆရာ၊ ဆရာ ဂါမဏိ ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိုးမခမီဒီယာက မိသားစုနှင့်အတူ ရဲဘော်များနဲ့အတူ ဝမ်းနည်းကြောင်း မှတ်တမ်း ပြုအပ်ပါတယ်။
ဘ၀မှာ အကောင်းဆုံးနေထိုင်ပြီး နောက်ဆုံးချိန်အထိ အစွမ်းကုန် တိုက်ပွဲဝင်သွားသူ ငြိမ်းချမ်းပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။
မောင်ရစ် နဲ့ မိုးမခမီဒီယာ (စက်တင်ဘာ ၄၊ ၂၀၂၁)
(ကိုမောင်မောင်စိုး၏ အသိပေးချက်)
ကိုအေးအောင် ( ဆေးတက္ကသိုလ် ၁ ၊ ၁၉၇၅ ကျောင်းသားသပိတ် ရွှေတိဂုံဘုရားပေါ်တွင် အဖမ်းခံရသူ) ခေါ်
ရဲဘော်အောင်စိုး ( အလယ်ပိုင်းဗဟိုဌာနခွဲ၊ CPB ) ခေါ်
ဂါမဏိ ခေါ် အောင်သဇင် ( မိုးမခ မီဒီယာ) သည် ယနေ့ မဲဆောက် ၌ကွယ်လွန်
(ခင်လွန်း၏ စာ)
ဆရာဂါ သို့ လေးမြတ်မှုဖြင့် ...
မြန်မာပြည်မှာ စစ်အာဏာရှင်မင်းဆက်ဟူသမျှ အမြစ်ပြတ် ပျက်သုဉ်းရေးအတွက် ပုံသဏ္ဍန်မျိုးစုံ တိုက်ပွဲမျိုးစုံနဲ့ တွန်းလှန်တိုက်ပွဲဝင်ခဲ့သူ
ရဲဘော်အောင်စိုး (ခ) စာရေးဆရာ ဂါမဏိ ကျဆုံးသွားခြင်းအတွက် ကျန်ရစ်သူမိသားစုများ၊ တော်လှန်ရေးလုပ်ဖော်ကိုင်ဖက်များ၊ ၊
စာပေလောကသားများနဲ့အတူနဲ့အတူ နှမြောတသ ဝမ်းနည်းကြေကွဲစွာဖြင့် အလေးနီပြုလိုက်ပါတယ်။
ငြိမ်းအေးရာ အနားယူပါလော့ ဆရာဂါ ...
- အတူတူ နေထိုင်ဖြတ်သန်း လှုပ်ရှားခဲ့ကြတဲ့ နေ့ရက်ကာလများ ဘယ်သောအခါမှ မမေ့ပါ။
- မိုးကြိုးသတင်းစာက စီစဉ်ကျင်းပတဲ့စာပေစကားဝိုင်းမှာ ဆရာဂါ ဆွေးနွေးနေတဲ့ပုံတို့ကို အမှတ်တရ လွမ်းဆွတ်စွာ သတိရစွာ တင်ပေးလိုက်ပါတယ်။)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar