ဆောင်းယွန်းလ - သြော်..စကစ..စကစ
ကမ္ဘာကြီးလည်နေတာကို
မသိသလိုအထာ လည်သလိုပတ်သလိုပညာနဲ့
တစ်ရွာလုံးကိုပတ်ပြံး
တစ်နိုင်ငံလုံးကိုဖျက်ဖို့ကြိုးစားကြတယ်တဲ့လား
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ရုံမကဘူး
နောက်လိုက်နောက်ပါတချို့ပါ ဘေးထွက်ကုန်တယ်
ခွေးဇာတ်ခင်းပြီး ဘီလူးအကကတော့
ခေါင်းလည်းမမော့နိုင်တော့သလို
အရင်လိုအပြောင်းအလဲနဲ့လည်း မဆော့နိင်တော့ဘူး
ရှေ့တန်းစစ်မျက်နှာပြင်ကိုရောက်ဖို့
အရင်တုန်းက မိုင်ရာချီပြီး ခရီးပြင်းနှင်ရပေမယ့်
တပ်စခန်းတံခါးဖွင့်ပြီး လမ်းလျှောက်လိုက်ရုံနဲ့
စစ်မြေပြင်ကို အလိုလိုရောက်သွားတဲ့အခုလိုကာလမျိုးမှာ
မိုးကောင်းတုန်းရွာစရာ မိုးလည်းမရှိသလို
လုံစရာ နောက်ကျောလည်းမရှိကြတော့ဘူး
သြော်...စကစတဲ့လား
သနားစရာ ခင်ဗျားတို့ခင်ဗျာ
ဗားဂရာဂျောက်ထဲ အရှင်လတ်လတ်ပြုတ်ကျပြီး
အသေထွက်ထွက်နိုင်သလို
ပူတာအို မတူပီ မချမ်းဘော အထွေေထွေသော အရပ်ရှစ်မျက်နှာ
ရောက်လေရာရာ တောကြီးမြိုင်လည်မှာ
ဘယ်သူမှလာမကယ်နိုင်တဲ့ဘဝကို ရောက်သွားနိုင်ပြန်တယ်
အမျှဝေပြီး သာဓုခေါ်သူ ကင်းမဲ့နေတဲ့ဘဝမှာ
မဆလ နဝတနဲ့ နအဖတို့ထက်ဆိုးတဲ့ဘဝ
သြော်...စကစ...စကစ။
ဆောင်းယွန်းလ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar