Breaking News

ကိုလေး(အင်းဝဂုဏ်ရည်) - အမေ


ကိုလေး(အင်းဝဂုဏ်ရည်) — အမေ

(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၂

အမေ...
ဟင်းရွက်လေးတွေ
သင်လို့ ၊
ထမင်းအိုး
ငဲ့ကြည့်လို့ ၊
ပုခက်ကို
တချက်လွှဲလို့ ၊
အနှီးလေးတွေ
ကိုင်စမ်းလို့ ၊
တံမြက်စည်း
ယူပြီး ပြန်ချလို့၊
ကျောက်ပြင်နဲ့
သနပ်ခါးရေ
မအားသေးပါဘူး
သောက်တော်ရေ
ခန်းနေလား၊
ဘုရားပန်း
နွမ်းနေလား၊
တောက်တောက်
တောက်တောက်နဲ့
တောက်လျှောက်လုပ်
မိုးရယ်
မချုပ်လိုက်နဲ့ကွယ်။

ကိုလေး(အင်းဝဂုဏ်ရည်)

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar