Breaking News

ကိုကျော်(မြစ်ကြီးနား) — ပူတင် ရဲ့ စားပွဲရှည်ကြီး


ကိုကျော်(မြစ်ကြီးနား) — ပူတင် ရဲ့ စားပွဲရှည်ကြီး

(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၂။


တကမ္ဘာလုံးက ရုရှားခေါင်းဆောင် ပူတင်ရဲ့ခြေလှမ်းတိုင်းကို စောင့်ကြည့်လေ့လာနေပြီး ယူကရိန်းကို တိုက်ခိုက်မှာကို စိုးရိမ်နေတဲ့အချိန်မှာ ပူတင်ရဲ့ လတ်တလော သံတမန်ရေးဆိုင်ရာ စီစဥ်ခင်းကျင်းမှုတစ်ခုနဲ့ ပတ်သက်ပြီး သတိပြုမိနေကြပါတယ်။ 

အဲဒါကတော့ ကမ္ဘာ့ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ အသုံးပြုတဲ့ ပူတင်ရဲ့ အတော်ရှည်တဲ့စားပွဲကြီး သို့မဟုတ် ပူတင်ရဲ့ social distancing ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ် မော်စကိုမှာ ပြင်သစ်သမ္မတ မက်ခရွန် နဲ့ ပူတင် တွေ့ဆုံကြတဲ့အခါ ပေ ၂၀ လောက်ရှည်တဲ့စားပွဲရဲ့ ဆန့်ကျင်ဘက် တဖက်တချက်မှာ ထိုင်ပြီးဆွေးနွေးခဲ့တာကစပြီး အားလုံး သတိထားမိခဲ့ကြပါတယ်။

အဲဒီစားပွဲရှည်ကို ပထမဆုံးအကြိမ် တွေ့ခဲ့ရတာက ဖေဖော်ဝါရီ ၁ ရက်က ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orbán နဲ့ တွေ့ဆုံချိန်ကဖြစ်ပြီး Viktor Orbán က ကွာရန်တင်း မဝင်ထားတာကြောင့်လို့ The Guardian သတင်းဌာနမှ ခန့်မှန်းဖော်ပြခဲ့ပါတယ်။ ရုရှားအရာရှိကြီးများက ပူတင်နဲ့ အနီးကပ်တွေ့ဆုံဖို့အတွက် ကွာရန်တင်း အရင်ဝင်ရတယ်လို့လည်း သိရပါတယ်။

တနင်္လာနေ့က ယူကရိန်းကိစ္စနဲ့ ပတ်သက်ပြီး ပူတင် နဲ့  ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တိုင်ပင်ပြောဆိုခဲ့ချိန်မှာလည်း အလားတူ စားပွဲရှည်တစ်ခုမှာ ခပ်ခွာခွာထိုင်ပြီး နေခဲ့ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ခုက ဖေဖော်ဝါရီ ၁၀ ရက်နေ့ Sergey Lavrov နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss တွေ့ဆုံမှုဖြစ်ပြီး Liz Truss က ကိုဗစ်နိုင်တင်း ပေါ့စတစ်ဖြစ်ခဲ့ပြီး ၁၀ ရက်နောက်ပိုင်းမှာ Sergey Lavrov နဲ့တွေ့ခဲ့တာဖြစ်ပါတယ်။

ပူတင်ရဲ့ကျန်းမာရေးကို ကာကွယ်ဖို့အတွက် အခုလို ခပ်ခွာခွာနေထိုင်ဖို့ သတ်မှတ်ထားခြင်းဖြစ်ကြောင်း ရုရှားအာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့လည်း ဖေဖော်ဝါရီလထဲမှာ တရုတ်သမ္မတ ရှီးကျင့်ဖင်နဲ့ ကာဇက်စတန်သမ္မတ Kassym-Jomart Tokayev တို့နဲ့ ပူတင် သီးခြားတွေ့ဆုံချိန်တုန်းက နီးနီးကပ်ကပ်နေခဲ့တာကို သတင်းတွေထဲမှာ မြင်ခဲ့ရပါတယ်။ 

အဲဒီလိုဖြစ်ရပ်တွေကြောင့် ဘယ်သူနဲ့ ခပ်ခွာခွာနေရမယ်ဆိုတဲ့ ပူတင်ရဲ့ ဆုံးဖြတ်ချက်က နိုင်ငံရေးပါဝါ ကစားကွက်တစ်ခုများလားလို့ လေ့လာသူတချို့က ကောက်ချက်ချခဲ့ပါတယ်။

(Forbes - Feb 14, 2022 - Putin's Long Tables Explained: Why He Puts Some Leaders, Including His Own Aides, At An Extreme Distance)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar