ဆောင်းဝေ (နတ်မောက်) - တော်လှန်ရေး + translated by KyawMinHtun (NEW YORK)
တော်လှန်ရေး
ဆောင်းဝေ (နတ်မောက်)
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၂
မီးတွေလောင်နေလို့
သွေးနဲ့ ဖျန်းပက်နေရတယ်။
ကျည်ဆံတွေလာနေလို့
ဦးခေါင်းနဲ့ ပြေးကာနေရတယ်။
မြို့က မီးခိုးတွေနဲ့ မွှန်နေလို့
အလောင်းတွေနဲ့ ကွယ်ထားရတယ်။
လှေခွက်ချည်းကျန် အလံမလဲစတမ်းဆိုလို့
ဆေးကျောင်းသားလေးက
အသက်နဲ့ ဝင်ထမ်းသွားတယ်။
အခြားနေရာမှာရေးရင် ပျက်သွားမှာစိုးလို့
အရေးပြားပေါ် ခြစ်ရေးထားရတယ်
"နွေဦးတော်လှန်ရေး"
••••••••••••
Revolution
••••••••••••
Because the fires are burning,
we must use to put out with blood.
Because bullets are coming,
we must shield with our heads.
Because the city is buried in smoke,
we must cover with dead bodies.
Because our boat has a destroyed upper deck,
our medical students take care of our flags on their shoulders.
Because we are worried our words will be erased,
we must write on our skin,
“Spring Revolution”
translated by
KyawMinHtun (NEW YORK)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar