Breaking News

မင်းငြိမ်းအေး - ထွက်ခွာခြင်း

ထွက်ခွာခြင်း
မင်းငြိမ်းအေး
(မိုးမခ) မေ ၂၂၊ ၂၀၂၂

မိုးအကုပ်တွင်
လှေငယ်ရှင်သည်
တရွေ့ရွေ့လျှင်
ခရီးနှင်သည်
ဝင်းပငြိမ်းမြရာဆီသို့ ။

လှေငယ်ပေါ်တွင်
နှင်းဆီအိုသည်
နီစွေးဓမ္မ
ပြယ်ယွင်းစ၏
ပန်းနုအသွေး
ငြိမ်းချမ်းရေးကို
မွှေးရှိုက်ခွင့်မရ
သို့သော်မပျက်
စိတ်အစဉ်တွင်
ပန်းပေါင်းတစ်ရာပွင့်ခဲ့သည်
မိတ်ဆွေတစ်ယောက်တိုးခဲ့သည်
စာပေသစ်နှင့်
တာရာရှေ့ဆောင်
ဂုဏ်ရောင်မြူးခဲ့
စိတ်ပျက်ဖွယ်ခေတ်မှာ
မိမိကိုယ်ကိုမဲဇာပို့ခဲ့
ဆရာ၊သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်
အရိုင်းသွေးနှင့်
ကိုအောင်ဆန်းအတွက်
ဆွတ်ပျံ့ ဖွယ်တေးတစ်ပုဒ်
တီးခတ်ပေးဖို့
အိုသော၊ စန္ဒရား
အိုသော၊ နှင်းဆီ
နေမရီခင်
ခရီးနှင်သည်
ကျန်သူငါတို့
လွမ်းဖို့မဟုတ်။
သူ့တရားနှင့်
သူ့ဆန္ဒကို
နားလည်ဖြည့်ဆည်း
ငြိမ်းချမ်းရေးသည်
အဓွန့်ရှည်သော
လူ့ဘောင်သစ် ။ ။

* ဒဂုန်တာရာ (၁၀၃) မွေးနေ့
မေ ၁၁၊ ၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar