Breaking News

ကျော်မင်းထွန်း(NEW YORK) - ကောသလ အလွမ်း

ကောသလ အလွမ်း
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) မေ ၂၃၊ ၂၀၂၂

ဂျိုးဖြူရေဘုံဘိုင်အောက်
အာမခြောက်အောင်
နွားနို့သောက်ခိုင်းတဲ့ခေတ်
လူဖြစ်ရကျိုးမနပ်လိုက်တာ။

ရက်စတောရင့်မှာ စားပိုးနင့်ထားသူက
ထမင်းနပ်မှန် မစားနိုင်သူကို
ထမင်းတနပ်လျှော့စားခိုင်းတဲ့ခေတ်
လူဖြစ်ရကျိုးမနပ်လိုက်တာ။

သိန်းနှစ်ထောင်တန်ကားစီးသူက
ပြည်သူကို တစ်ရက်နှစ်ထောင်နဲ့ 
နေတတ်အောင် နေခိုင်းတဲ့ခေတ်
လူဖြစ်ရကျိုးမနပ်လိုက်တာ။

သင်္ကန်းခြုံသံဃာအတုက
အမျိုးဘာသာ သာသနာအော်ပြီး
သံဃာတော်အစစ်ကို မီးသင်္ကန်းကပ်တဲ့ခေတ်
လူဖြစ်ရကျိုးမနပ်လိုက်တာ။

အဘတို့ ရမ္မက်ဖြူစင်ဖို့
ကြက်ဆူပင်စိုက်ခိုင်းတဲ့ခေတ်
လူဖြစ်ရကျိုးမနပ်လိုက်တာ။

အဘခေတ်မှာ အဘ... အဘ...
အစ်မခေတ်မှာ အစ်မ... အစ်မ...
ဘနဖူး သိုက်တူးရဖို့ 
မျက်နှာပြောင်တိုက် ကပ်ဖားတဲ့ခေတ်
လူဖြစ်ရကျိုးမနပ်လိုက်တာ။

သမာဓိဂုဏ် ပညာဂုဏ်အစား
အဒိန္နဒါနာ သူခိုးဂုဏ်များနဲ့
ပြည့်စုံတော်မူသွားတဲ့ ကာလဝိပတ်တိမှာ
"...ရပ်ပြစ်ရှစ်ပါး
ရန်သူမျိုးငါးပါး..."
​ဩကာသ အခါခါရွတ်ပွားရင်း
ကောသလမင်းကြီးကို လွမ်းလိုက်တာ။    ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar