Breaking News

စိုးနောင်(မုံရွာ) - ခေတ်မည်းမိုးသည်း


ခေတ်မည်းမိုးသည်း
စိုးနောင်(မုံရွာ)
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၂

အဖေက
သားကိုစိုးရိမ်
သားက
အဖေကို​စိုးရိမ်
အဖေက
ဓားသွေးလို့
သားက
သေနတ်တိုက်လို့
အဖေနဲ့သားကြားမှာ
မိုးဟာ
မိုင်းကွဲသံကြားတော့
လန့်ပြီးတိတ်သွားလိုက်
ဆက်သည်းလိုက်
အဖေနဲ့သားကြားက
လမ်းတွေပေါ်မှာတော့
စစ်ဘီလူးခြေရာတွေ။    ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar