ခိုင်မျိုး - ရွာထဲမှာ
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၂
စျေးတွေလျော့ချတယ်ဆိုတာ
တိုက်ပွဲတစ်ခုကို
ဝင်ရောက်နေခြင်းပဲ
တစ်နှစ်ပြီးတစ်နှစ်ခံတိုက်နေရင်း
သွားတွေပြုတ်ထွက်ကုန်ရဲ့
ခေါင်းကဆံပင်တွေဖြူကုန်ရဲ့
မြစ်ကူးချောင်းခြားအထိ
ဆုတ်ခွာတိုက်ပွဲဝင်ခဲ့ပါတယ်
ဆယ်ပြားတန်တံဆိပ်ခေါင်းကလေးပေါ်က
ငှက်ခါးလေးကို
ဘယ်သူများထိုးသုတ်ခဲ့တာလဲကွယ်
ဆယ့်ငါးပြားသာပေးရတဲ့အာလူးပဲသုတ်
မန်ကျည်းရည်ဆမ်း
သတ္တုပန်းကန်ကလေးကိုင်ထားတဲ့
စိန်ဆေးဗီးယားကကျောင်းသားလေးဘဝကို
ဘယ်သူပုတ်ချခဲ့တာလဲ
မင်းအဂ်လန်မှာကျန်းမာချမ်းသာစွာ
ရှိနေပါရဲ့လား
ငါကတော့တိုက်တိုင်းရှုံးနေတဲ့တိုင်းပြည်မှာ
မပွင့်ခင်ကြွေရတဲ့ပန်းတွေ
နဲ့အတူမင်းကိုအလျော့ပေးခဲ့ခြင်းနဲ့
လျော့ကြိုးများနဲ့
မင်းမသိသောပထမအချစ်များနဲ့
ဆုတ်ခွာ
ကျဆုံးခဲ့ပါတယ်။
( ကျနေ် ငယ်ငယ်ကနေ ရှစ်တန်းအထိတက်ခဲ့ဘူးတဲ့ ရန်ကင်းအလက (၂ ) လို့ အခုခေါ်တဲ့ စိန်ဇေးဗီးယားကျောင်းကမိန်းကလေးတယောက်နဲ့ ဆရာမများ၊ သူငယ်ချင်းများနဲ့ ရှုံးနိမ့်ခဲ့သောနှစ်များကို သတိတရရေးဖွဲ့ပါတယ်)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar