Breaking News

မင်းငြိမ်းအေး- မြေပြန့်တောင်တန်း

မြေပြန့်တောင်တန်း
မင်းငြိမ်းအေး
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၂

သွေးမတိတ်ရောဂါရှိတဲ့
တောင်တန်းပေါ်မှာ
တောင်ဇလပ်တွေ
နီရဲစွေးလို့။
စိတ်ရှင်းသူစမ်းချောင်းလေး
ဖြတ်စီးတဲ့မြေပြန့်လွင်ပြင်မှာ
စိန်ပန်းတွေ
နီရဲစွေးလို့။
ငါတို့ညံ့လို့
ဒီသမိုင်းတစ်ခေတ်ကို
ပြန်ဖြတ်ရတာလား။
ချစ်ရသူချင်း
မိဘ
သားသမီး
ဆွေမျိုး
မိတ်ဆွေ
ကွေ့ကင်းရခြင်းမှ
ကင်းပါစေ။
ဒီနွေဦး
ငါ့သမီးထိ
ဆက်မဦးပါစေ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar