ကြည်နိုင် - * ဘီလူးက *( တေးထပ် )
* ဘီလူးက *( တေးထပ် )
ကြည်နိုင်
(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၂
* စည်တိုသံ ကရောင်းရိုက်
ခါးတောင်းကျိုက် ထွက်ပြန်
အကြောင်းဆိုက် အကွက်ဖန်သော်
သန်လျက်တော် ကိုင်စွဲ။
မာန်ခဲလို့ ခြေဆောင့်ပြန်တယ်
ပွေနှောင့်ဟန် သူ့ထက်ဆကဲ။
* သိုင်းကိုင်ဖို့ လက်မြှောက်ကာ
ရန်သူရှာ ကြည့်မြဲ ၊
ကိုယ့်အရိပ် ကိုယ်လန့်ဆဲပ
ကြံခဲလို့ နေရာ။
လူ့ပြေရွာ မှုပွေဆက်မဟဲ့ ၊
လက်ရုံးနဲ့ ပခုံးတွန့်ဖွေရှာ။
* အစွယ်ပြူး မူရာကို
လူတကာ ရွံ့စေဖို့
နောက်မတွန့် လေးခင်းသံခြွေ
ရဲတင်းလို့နေ။
ပွဲခင်းထဲ တိမ်းစောင်း စွေလျှင်
ဗိန်းဗောင်းမွှေ တုံ့ဆပ်စို့လေး။ ။
၁၊ ၈၊ ၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar