Breaking News

ဇမ်သစ်အောင် - လက်နက်ကြီး

လက်နက်ကြီး
ဇမ်သစ်အောင်
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၂

လက်အနက်ကြီးကို ပြေးမြင်မိတယ်မလား
မမှားပါဘူး
လက်အနက်ကြီးဟာလည်း လက်မည်းကြီးပါပဲ
မည်းမည်းမြင်ရာပစ်တတ်သလို
လိုတာမရရင် ခတ်တတ်တဲ့ ကျွဲ
ကျွဲကူးရေပါပါပဲ
အဖြူရောင် အနာဂတ်တွေကိုလဲ ထိတာပေါ့
ပေါ့ပေါ့နေလူတန်းစားကိုလဲ မှန်တာပဲ
မဆန်းဘူးဆိုပေမဲ့ ယမ်းများဟာ ရမ်းကား ဆန်းပြား
ငွားငွားစွင့်စွင့် ပွင့်နေတဲ့ပန်းတွေမှာ
ဘာအပြစ်ရှိလို့လဲ
ဘာအပြစ်တွေများရှိလို့လဲ
ဘာအပြစ်တွေများရှိလို့လဲဗျာ
လဲနေသူထူပေးပါတဲ့
တောင်ဝှေးဟာ ဖိုးသူတော်ကို မကယ်နိုင်တော့
နိုင်ငံတော်မိခင်ဟာ ဟာနေတဲ့ ကွက်လပ်မှာ
မျက်ရည်စက်နဲ့ အလွမ်းပင်တွေကို စိုက်ပျိုး
ပျိုးခင်ထဲမှာ ပိုးလို့ပက်လက် လဲနေတဲ့ အလောင်းကောင်
ကောင်တာမှာ ထိုင်နေတဲ့ ခရိုနီ
နီပိန်းနဲ့စိမ်းပေါများ
များတော့များနေပြီ
ပြည်တည်နေတဲ့ စနစ်အနာကို
ဘယ်သူ ခွဲထုတ် ဆေးထည့်မလဲ
လက်နက်ကြီးတွေ မလိုချင်တော့ဘူး
ဖက်နဲ့ထုပ်ထားတဲ့ အသက်တွေပဲ ပြန်လိုချင်တယ်
ငါတို့အသက်တွေ ငါတို့ပြန်ပေး။

September 16, 2022
1:53 PM
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar