နေ ထက် နိုင် - လည်ချောင်းထဲက ကော်ဖီခါးတွေ
နေ ထက် နိုင်
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၂၂
နေ့သစ်တခုတော့
ရောက်လာသေးတာပဲ
စိတ်အခံတွေက
ပြည်တွင်းစစ် ဒဏ်ရာတွေနဲ့ဆိုတော့
နေ့သစ်တောင်
မလတ်ဆတ်ဘူး ....
ကမ္ဘာကြီး လှမ်းကြည့်တော့လည်း
ယူကရိန်း ရုရှစစ်နဲ့
စစ်ပြေး ဒုက္ခသည်တွေနဲ့.......
အလက်စ်ကာ
ရေပြင်မှာ ကင်းလှည့်နေတဲ့ စစ်သင်ဘောတွေနဲ့
တောင်တရုတ် ပင်လယ်ပြင်မှာ
စစ်သင်ဘောတွေ ကင်းလှည့်လို့
ငါတို့တိုင်းပြည်က
ကောင်းကင်ကြီးထဲလည်း
ဂျက်လေယာဉ်တွေ
ဆင်းလိုက် တက်လိုက်
စစ်ပြေးဒုက္ခ သည်တွေနဲ့ ....
ပိုမှောင်လာတဲ့ မီးခိုးတန်းတွေထဲ ရွာတွေ ပျောက်ပျောက်သွားတယ်
ဆာလောင်နေတာက
ဟောဒီမှာ တော်လှန် တည်ဆောက်နေတဲ့
တန်းတူ ညီညွတ်တဲ့ ခေတ်သစ်
သစ်ပင်အောက်က ကျင်းမြောင်းတွေထဲမှာ
စာသင်နေတဲ့ ကလေးတွေ
စစ်လက်နက်ဘေး
ဝေးကြပါစေ ။
အောက်တိုဘာ ၂ ၂၀၂၂ မနက်
-
Bitter Coffee In The Throats
Nei Htek Naing
Though a new day has come already .
Because of the sentiments wounded by the civil war ,
There is no fresh day for us .
While looking at the world,
The world-famous-Ukrainian- & -Russian war
Looming up
With war refugees.
And then in the waters of Alaska,
There are warships patrolling.
In the South China Sea,
So are the warships .
In the sky of my country,
There are Jet planes
being busy With flying up and down .
Villages disappear in the pillars of darkened smoke .
Our hunger is a new age of equality & unity ,
that revolution is now building it here .
May the children studying school-lessons in the tranches
Under the trees
Stay away from military weapons.
Nei Htek Naing
Translated by the poet
October 2, 2022 morning
-
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar