မောင်တူး - ပြည်သူ့စာဆိုကြီး မင်းသုဝဏ် ၁၁၇ နှစ်ပြည့်
မောင်တူး - ပြည်သူ့စာဆိုကြီး မင်းသုဝဏ် ၁၁၇ နှစ်ပြည့်
(ကမာရွတ် ပြည်လမ်းဆုံ အစာငတ်ခံ ဆန္ဒပြသူများသို့)
ဇာနည်နွယ်ဖွား၊ သမီး သားတို့
အမိုးမရှိ၊ လွင်တိတိတွင်
အမိမနီး၊ ဖမနီးနှင့်
ရေစီးထဲမှာ ထိုင်နေပါသည်။
ဇာနည်နွယ်ဖွား၊ သမီး သားတို့
အစာမစား၊ လွန်စွန့်စားကြ။
အစာမစား၊ လွန်စွန့်စားသည်
ဇာနည်နွယ်ဖွား၊ သမီး သားတို့
စိတ်အားကိုမွေး၊ မိုးအေးအေး၌
မငေးမငိုက်၊ မေးခိုက်တုန်လျက်
ပြုံးလိုက်ကြည်ရွှင်၊ နေသည်မြင်သော်
ငါ့ရင်ကွဲမျှ၊ ခံစားရလည်း
မြန်မာ့သတ္တိ၊ တန်ခိုးရှိဟု
သိရသောအခါ၊ ငါ ဝမ်းသာသည်
ဇာနည်နွယ်ဖွား၊ သမီး သားတို့
ကိုယ်စိတ်နှစ်ပါး၊ အေးစေသားဟု
တောင်းဆုခြွေလိုက်ရပါ၏ဗျား။ ။
- မင်းသုဝဏ် - ၁၆-၉-၈၈ မနက် ၆ နာရီ၊ ထွန်းလင်းရိပ်သာ
အဲ့သည်အချိန်မှာ စာရေးခွင့် အပိတ်ခံထားရတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ စာမူတွေ သယ်ပေးရလေ့ ရှိပါတယ်။ ဒေါ်စု မွေးနေ့ကဗျာတွေအပါအဝင် စာမူတွေပေါ့။ ဆရာကြီး မင်းသုဝဏ် လိုချင်တာက ထုတ်ဝေဖြစ်ဖို့သာ အဓိက။ ထုတ်ဝေဖြစ်ရင်တော့ စာအုပ်လေး လက်ဆောင်ရရင် သူက ကျေနပ်ပြီပေါ့။ ဒါကြောင့် ဂျပန်က ရွှေမော်ကွန်း စာစောင်၊ အဟာရစာစောင်တွေ စတဲ့ ပြည်ပစာစောင်တွေမှာ ဆရာကြီး မင်းသုဝဏ်ရဲ့ စာတွေ ပါလာနေခဲ့ပါရော။ ဆရာ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ကို ကျေးဇူးတင်လွန်းလို့ အင်္ဂလန်အစည်းအဝေးမှာ ဝတ်ဖို့ အနောက်တိုင်းဝတ်စုံတောင် ဆရာမင်းသုဝဏ်က ချုပ်ပေးခဲ့ပါတယ်။
(မွေးနေ့ဆုတောင်း)
ပြည်သူတွေအောင်ပန်း၊ မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို
မြန်ပြည်တလွှား၊ ချစ်သူများခဲ့။
တို့အား တို့အင်၊ တို့အရှင်ကို
ကြည်ရွှင်စေသော၊ မာစေသောဟု
မွေးသောနေ့မှာ၊ တို့သူငါသည်
မေတ္တာကြည်လင်၊ ရွှင်ရွှင်ဖို့။
ဒေါင်းပျိုအိုးဝေ တွန်စေဖို့
မြတ်ဆုမွန်ကောင်း တောင်းကြစို့။ ။
မင်းသုဝဏ်
(၁၉၉၀ ဇွန်လ ၁၉ ဒေါ်အောင်ဆန်းစုကြည် ၄၅ နှစ် မွေးနေ့အတွက် စပ်ဆိုခဲ့)
ဆရာကြီး မင်းသုဝဏ် ကလောင်အမည်ယူပုံကို ဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က သာဝတ္ထိက စာပေ ဟောပြောပွဲမှာ အခုလို ပြော ဟောပါတယ်။
" ဦးကြော့ရဲ့ စုံနံ့သာမြိုင် ရှာပုံတော်ကြီး သီချင်းထဲက မင်းသုဝဏ် ကလောင်"
" ကျုပ် (ကိုလေး (အင်းဝဂုဏ်ရည်) တို့ ၆ တန်းတုန်းက ဆရာမင်းသုဝဏ်ရဲ့ "သပြေညိုနဲ့ အခြားကဗျာများ " သင်ရတယ်။ ကျနော့် ဆရာမက သင်တယ်။ ကလေးတို့ ဒီကဗျာ ဘယ်သူရေးသလဲဟေ့။ " မင်းသုဝဏ် " ပါ ဆရာမ။ မင်းသုဝဏ်က ကလောင်နာမည်ကွ။ လူနာမည်က ဦးဝန် တဲ့။ ဦးဝန်၊ ကိုဝန်၊ မောင်ဝန်ကနေ "မင်းသုဝဏ်" ကလောင်နာမည် ယူပုံကို ပြောရရင် မင်းတုန်းမင်းကြီးကို သိလား။ မင်းတုန်းဘုရင် လက်ထက်မှာ စာတော်ဖတ်ဦးကြော့၊ စာရေးတော်ကြီးဦးကြော့၊ တောင်တွင်းကြီးဦးကြော့၊ နတ်မောက်ဦးကြော့၊ စုံနံ့သာမြိုင် ဦးကြော့ နာမည်အမျိုးမျိုးနဲ့ ကျော်ကြားထင်ရှားတဲ့ ဦးကြော့က လင်ပျောက်ရှာတဲ့ ရှာပုံတော်ကြီး ရေးတယ်။ ဆရာမက ဆိုပြတယ်။
(စုံနံ့သာမြိုင် ရှာပုံတော်ကြီး)
စုံနံ့သာမြိုင် ရဂုံတွင်းမှာလ ထုံသင်းငယ်ကြိုင် ဂနိုင်ဟေမ နွေအစမှာ ရွေများကလျာ ဟိုခင်ကို လျှောက်ပါလို့ လင်ပျောက်ကို ရှာခဲ့ ဂန္ဓမာငူ မြေတလင်း နေမင်းက ပူသနှင့် နန်းသူဒေဝီ အို… တွေ့နိုင်ပြီဘဲမို့ လဲလုပြီ။ ။
ဒီနေရာကနေ ကလောင်အမည်ကို အမည်ရင်း ဝန် ကလေးလည်းပါအောင် "မင်းသုဝဏ်" လို့ ယူခဲ့တာ ဖြစ်ပါတယ်။
(လယ်စောင့်တဲ)
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်။
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့်ပနံတင့်။ ။ (မင်းသုဝဏ်)
စာဆိုတော်ကြီး ဆရာကြီး မင်းသုဝဏ်ဟာ ၂၀၀၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ၉၅ နှစ် ရှိပါပြီ။
(မင်းသုဝဏ် NLD ပါတီ ပြန်ဝင်ခွင့်)
ဒေါ်စုရဲ့ အနီးကပ် ဗိုလ်ကြီးဟောင်း ဝင်းထိန်က ၁၉၉၅ ခုနှစ် ဇွန်လ ၁၀ ရက် အကျယ်ချုပ်က ပြန်လွတ်ပြီးချိန် ဆရာ မင်းသုဝဏ်ဟာ ဒေါ်စုကို လာတွေ့ကြောင်း ပြောပြဘူးပါတယ်။ မင်းသုဝဏ်က အမေစုကို စာတစောင် တင်ပြခဲ့တယ်။ စာထဲမှာ NLD ပါတီဝင်အဖြစ် ပြန်ဝင်ခွင့်ပြုဖို့ပါတဲ့။
(သူ့မှာတမ်း)
သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။
အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့ လိုသနည်း။
ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။
အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများမှာခဲ့ လိုသနည်း။
မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ။
အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့ လိုသနည်း။
ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။
ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူ ကြတုန်း၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား။ ။
(မင်းသုဝဏ်)
အမျိုးသားစာဆိုကြီး ဒီမိုကရေစီ တော်လှန် စာဆိုကြီး မင်းသုဝဏ် မွေးဖွားခဲ့တာ ဒီနေ့ ၂၀၂၆ ဖေဖော်ဝါရီ ၁၀ မှာ ၁၁၇ နှစ် ပြည့်ပါပြီ။ တော်လှန်တိုက်ပွဲအတွင်းမှာ သစ္စာမဲ့သွားကြသူတွေ စစ်အာဏာရှင်အောက် လျှိုဝင်သွားကြသူတွေထဲမှာ သူမပါခဲ့ပါ။ ပြည်သူ လူထု စာပေ အမျိုးသားဖက်ကသာ နောက်ဆုံးထွက်သက်တိုင် ရပ်တည်သွားခဲ့တဲ့ စံနမူနာပြုရမယ့် ဆရာကြီး ဖြစ်ပါတယ်။ သူ့အကြောင်း သူ့ဂုဏ်ပုဒ်တွေဟာ ပြောလို့ ရေးပြလို့ ဆုံးမည်မထင်။ သူ့ မွေးနေ့မှာ သူ့စိတ်ဓာတ်၊ သူ့ခံယူချက်၊ သူ့သစ္စာ၊ သူ့စေတနာတွေအတိုင်းသာ သူလျှောက်သွားတဲ့ လမ်းအတိုင်းပဲ ဆက်လျှောက်ကြပါစို့။ ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆
စစ်ထောက်လှမ်းရေး၊ ဖိအားပေးကြောင့်
တရေးမှောင့်ပြီ၊ NLD မှ
နှုတ်ထွက်ရလည်း၊ တွေးဆပြုပြင်
ပြန်ဝင်လိုကြောင်း၊ သူခွင့်တောင်းခဲ့
လူထုရဲ့ စာဆို၊ လွှတ်တော်ကိုယ်စားလှယ်
ကဗျာချိုမွန်၊ မင်းသုဝဏ်ကား
မွေးဖွားခဲ့တာ၊ နှစ်တရာလွန်
တဆယ့်ခွန်နှစ် ပြည့်ပါပြီ။ ။
တရေးမှောင့်ပြီ၊ NLD မှ
နှုတ်ထွက်ရလည်း၊ တွေးဆပြုပြင်
ပြန်ဝင်လိုကြောင်း၊ သူခွင့်တောင်းခဲ့
လူထုရဲ့ စာဆို၊ လွှတ်တော်ကိုယ်စားလှယ်
ကဗျာချိုမွန်၊ မင်းသုဝဏ်ကား
မွေးဖွားခဲ့တာ၊ နှစ်တရာလွန်
တဆယ့်ခွန်နှစ် ပြည့်ပါပြီ။ ။
ကဗျာဆရာကြီး မင်းသုဝဏ် (၁၀ ဖေဖော်ဝါရီ၊ ၁၉၀၉ – ၁၅ ဩဂုတ်၊ ၂၀၀၄) ဟာ စာရေးဆရာလည်းဖြစ်ပြီး ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူတွေအနက် တဦး ဖြစ်တဲ့အပြင်၊ မြန်မာနိုင်ငံ နဝမမြောက် သမ္မတ ဦးထင်ကျော်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အမတ်အဖြစ် ကမာရွတ်ကနေ အရွေးခံခဲ့ရပြီး အမတ်ဖြစ်ကနေ အကြပ်ကိုင် နှုတ်ထွက်ခိုင်းခဲ့ပေမယ့် မနှုတ်ထွက်ခဲ့သူပါ။ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကဗျာတွေ ရေးသားခဲ့လို့ စာရေးခွင့်လည်း ပိတ်ပင်ခံခဲ့ရပါတယ်။ အခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ သူ့ကို မွေးဖွားခဲ့တာ ၁၁၇ နှစ် ရှိပါပြီ။
(သာဓုသံ)
ဒေါင်းပျိုထိုးဆွပ်၊ ဘယ်ညာခွပ်၍
လွတ်လပ်ရလေ၊ တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား။
အိုးဝေ ကျေးဇူး မထိမ်မြူးဘဲ
ခါဦးကောဇာ၊ ဤအခါတွင်
သာဓုခေါ်ကြပါကုန်လော့။
သာဓုသံလွင်၊ သောတာဆင်၍
အသင်ဒေါင်းငယ်၊ မြန်မိမယ်ကို
သက်နှယ် စောင့်ရှောက်နိုင်စေသော်ဝ်။ ။
မင်းသုဝဏ် (၁၉၄၇၊ အိုးဝေမဂ္ဂဇင်း)
လွတ်လပ်ရလေ၊ တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား။
အိုးဝေ ကျေးဇူး မထိမ်မြူးဘဲ
ခါဦးကောဇာ၊ ဤအခါတွင်
သာဓုခေါ်ကြပါကုန်လော့။
သာဓုသံလွင်၊ သောတာဆင်၍
အသင်ဒေါင်းငယ်၊ မြန်မိမယ်ကို
သက်နှယ် စောင့်ရှောက်နိုင်စေသော်ဝ်။ ။
မင်းသုဝဏ် (၁၉၄၇၊ အိုးဝေမဂ္ဂဇင်း)
ဗကသများ အဖွဲ့ချုပ် ကျောင်းသားသမဂ္ဂရဲ့ အမျိုးသားလွတ်မြောက်ရေး၊ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဂုဏ်ကျေးဇူးကို “သာဓုသံ” ကဗျာနဲ့ မှတ်တမ်းတင်ခဲ့တာပါ။ ဒီကဗျာ အပါအဝင် လွတ်လပ်ရေး တိုက်ပွဲဝင် ကဗျာတွေကို ဆရာကြီး မင်းသုဝဏ်က ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ၈၈၈၈ ကစ ဒီမိုကရေစီ တိုက်ပွဲဝင် ကဗျာတွေကို ရေးသားခဲ့သလို ကိုယ်တိုင်လည်း တိုက်ပွဲဝင်သွားခဲ့သူပါ။
(အမျိုးသားစာဆိုတော်ကြီး)
အမျိုးသား စာဆိုတော်ကြီး မင်းသုဝဏ်ကို ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့မှာ ကုန်သည်များ ဖြစ်ကြတဲ့ ဦးလွမ်းပင်နဲ့ ဒေါမိတို့က မွေးဖွားခဲ့တယ်။ မွေးချင်း ၇ ယောက်မှာ ဒုတိယမြောက်ဖြစ်ပြီး မွန်-မြန်မာမျိုးရိုးဖြစ်တယ်။ အငယ်ဆုံးညီမဟာ ကဗျာဆရာမ နုယဉ် ဖြစ်တယ်။ နာမည်ရင်းက ဦးဝန်ဖြစ်ပါတယ်။ ထူးချွန်ထက်မြက် ပြည်သူလူထုအတွက် အသိ အမြင် ပညာ ဗဟုသုတ စသည်ဖြင့် အကြိုးရှိတဲ့ စာပေတွေ ရေးသားသူတို့ကို အမျိုးသားစာဆိုတော်ကြီးတွေလို့ ခေါ်ကြတာပါ။ အမျိုးသား စာဆိုတော်ကြီး မင်းသုဝဏ်ဟာ ဒီမိုကရေစီတိုက်ပွဲဝင် တော်လှန်ကဗျာဆရာကြီး၊ တော်လှန် စာဆိုတော်ကြီးလို့လည်း ခေါ်ဆိုထိုက်သူပါ။
(ကမာရွတ် ပြည်လမ်းဆုံ အစာငတ်ခံ ဆန္ဒပြသူများသို့)
ဇာနည်နွယ်ဖွား၊ သမီး သားတို့
အမိုးမရှိ၊ လွင်တိတိတွင်
အမိမနီး၊ ဖမနီးနှင့်
ရေစီးထဲမှာ ထိုင်နေပါသည်။
ဇာနည်နွယ်ဖွား၊ သမီး သားတို့
အစာမစား၊ လွန်စွန့်စားကြ။
အစာမစား၊ လွန်စွန့်စားသည်
ဇာနည်နွယ်ဖွား၊ သမီး သားတို့
စိတ်အားကိုမွေး၊ မိုးအေးအေး၌
မငေးမငိုက်၊ မေးခိုက်တုန်လျက်
ပြုံးလိုက်ကြည်ရွှင်၊ နေသည်မြင်သော်
ငါ့ရင်ကွဲမျှ၊ ခံစားရလည်း
မြန်မာ့သတ္တိ၊ တန်ခိုးရှိဟု
သိရသောအခါ၊ ငါ ဝမ်းသာသည်
ဇာနည်နွယ်ဖွား၊ သမီး သားတို့
ကိုယ်စိတ်နှစ်ပါး၊ အေးစေသားဟု
တောင်းဆုခြွေလိုက်ရပါ၏ဗျား။ ။
- မင်းသုဝဏ် - ၁၆-၉-၈၈ မနက် ၆ နာရီ၊ ထွန်းလင်းရိပ်သာ
ဒီကဗျာဟာ ၈၈၈၈ အရေးတော်ပုံကြီးမှာ အစာငတ်ခံ ကျောင်းသားတွေဆီ ဆရာကြီးက သွားရောက်အားပေးခဲ့အပြီး ရေးခဲ့တာပါ။ သူ့အသက် ၈၀ ကျော်မှာ ရေးတဲ့ကဗျာပေါ့။ ၈၈၈၈ အရေးတော်ပုံကြီးအတွင်က သူ့ကဗျာတပုဒ်ပါ။ ဒီကဗျာ ရေးဖွဲ့မှု အတွက်ရော နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကကြည် မွေးနေ့ ဂုဏ်ပြုကဗျာ ရေးသားတာရော NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဂုဏ်ပြုကဗျာတွေ ရေးသားပေးတာကြောင့်ရော စစ်အာဏာရှင်ရဲ့ အပြစ်ပေးဒဏ် ခံခဲ့ရပါတော့တယ်။ ဒါပေမဲ့ ဆရာတင်မိုးလို NLD ကဗျာရေးမှု ဒေါ်စုကဗျာရေးမှုတွေနဲ့ ထောင်ဒဏ်တော့ မကျခဲ့ပါဘူး။ ဒါပေမဲ့ မင်းသုဝဏ်ရဲ့ စာတွေကိုတော့ အပိတ်ခံခဲ့ရပါတယ်။
(မင်းသုဝဏ်နဲ့ ကဗျာဆရာ မောင်ပေါက်စည် (မန်းတက္ကသိုလ်))
စစ်ထောက်လှမ်းရေး ဗိုလ်ချုပ် ခင်ညွန့်တို့ လက်စောင်းထက်နေချိန်ကပေါ့။ ကဗျာဆရာကြီး မောင်ပေါက်စည် (မန်းတက္ကသိုလ်) ဟာ ခရစ်ယာန် သာသနာပိုင်ကြီးလည်း ဖြစ်တော့ နိုင်ငံခြားကို သွားရလေ့ရှိတယ်။ ဒီအခါ ပြည်ပမှာ မြန်မာစာပေထုတ်ဝေရေး အဖွဲ့တွေ ရှိတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး စာပေတွေကို ပြည်တွင်းကနေ တိတ်တိတ် ဝှက်ကာ ယူသွားပေးတတ်တယ်။ ပြည်တွင်းမှာ အပိတ်ခံရတဲ့ ကဗျာလေးတွေ စာလေးတွေပါ။ မောင်ပေါက်စည် ပြည်ပထွက်တိုင်း မြန်မာပြည်က ဆင်ဆာမိတဲ့ စာမူတွေ အထပ်လိုက်ယူလာလေ့ရှိပါတယ်။ အဲဒီအချိန်က စစ်ထောက်လှမ်းရေးတွေ အင်မတန် လက်စောင်းထက်ချိန်မို့ တော်ရုံလူ ယူမလာဝံ့တဲ့ စာမူတွေ ယူထုတ်ပေးတာပါ။ သူက ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ကြီးလည်းဖြစ်၊ ခရစ်ယာန်သာသနာပိုင်ချုပ်တဦးလည်း ဖြစ်တာကိုး။ သူက အင်္ဂလီကန် သာသာနာပိုင်ချုပ် အင်ဒရူးမြဟန် လေ။ ကဗျာကလောင်မည်က မောင်ပေါက်စည် (မန်းတက္ကသိုလ်) ပေါ့။
စစ်ထောက်လှမ်းရေး ဗိုလ်ချုပ် ခင်ညွန့်တို့ လက်စောင်းထက်နေချိန်ကပေါ့။ ကဗျာဆရာကြီး မောင်ပေါက်စည် (မန်းတက္ကသိုလ်) ဟာ ခရစ်ယာန် သာသနာပိုင်ကြီးလည်း ဖြစ်တော့ နိုင်ငံခြားကို သွားရလေ့ရှိတယ်။ ဒီအခါ ပြည်ပမှာ မြန်မာစာပေထုတ်ဝေရေး အဖွဲ့တွေ ရှိတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး စာပေတွေကို ပြည်တွင်းကနေ တိတ်တိတ် ဝှက်ကာ ယူသွားပေးတတ်တယ်။ ပြည်တွင်းမှာ အပိတ်ခံရတဲ့ ကဗျာလေးတွေ စာလေးတွေပါ။ မောင်ပေါက်စည် ပြည်ပထွက်တိုင်း မြန်မာပြည်က ဆင်ဆာမိတဲ့ စာမူတွေ အထပ်လိုက်ယူလာလေ့ရှိပါတယ်။ အဲဒီအချိန်က စစ်ထောက်လှမ်းရေးတွေ အင်မတန် လက်စောင်းထက်ချိန်မို့ တော်ရုံလူ ယူမလာဝံ့တဲ့ စာမူတွေ ယူထုတ်ပေးတာပါ။ သူက ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ကြီးလည်းဖြစ်၊ ခရစ်ယာန်သာသနာပိုင်ချုပ်တဦးလည်း ဖြစ်တာကိုး။ သူက အင်္ဂလီကန် သာသာနာပိုင်ချုပ် အင်ဒရူးမြဟန် လေ။ ကဗျာကလောင်မည်က မောင်ပေါက်စည် (မန်းတက္ကသိုလ်) ပေါ့။
အဲ့သည်အချိန်မှာ စာရေးခွင့် အပိတ်ခံထားရတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ စာမူတွေ သယ်ပေးရလေ့ ရှိပါတယ်။ ဒေါ်စု မွေးနေ့ကဗျာတွေအပါအဝင် စာမူတွေပေါ့။ ဆရာကြီး မင်းသုဝဏ် လိုချင်တာက ထုတ်ဝေဖြစ်ဖို့သာ အဓိက။ ထုတ်ဝေဖြစ်ရင်တော့ စာအုပ်လေး လက်ဆောင်ရရင် သူက ကျေနပ်ပြီပေါ့။ ဒါကြောင့် ဂျပန်က ရွှေမော်ကွန်း စာစောင်၊ အဟာရစာစောင်တွေ စတဲ့ ပြည်ပစာစောင်တွေမှာ ဆရာကြီး မင်းသုဝဏ်ရဲ့ စာတွေ ပါလာနေခဲ့ပါရော။ ဆရာ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ကို ကျေးဇူးတင်လွန်းလို့ အင်္ဂလန်အစည်းအဝေးမှာ ဝတ်ဖို့ အနောက်တိုင်းဝတ်စုံတောင် ဆရာမင်းသုဝဏ်က ချုပ်ပေးခဲ့ပါတယ်။
(မွေးနေ့ဆုတောင်း)
ပြည်သူတွေအောင်ပန်း၊ မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို
မြန်ပြည်တလွှား၊ ချစ်သူများခဲ့။
တို့အား တို့အင်၊ တို့အရှင်ကို
ကြည်ရွှင်စေသော၊ မာစေသောဟု
မွေးသောနေ့မှာ၊ တို့သူငါသည်
မေတ္တာကြည်လင်၊ ရွှင်ရွှင်ဖို့။
ဒေါင်းပျိုအိုးဝေ တွန်စေဖို့
မြတ်ဆုမွန်ကောင်း တောင်းကြစို့။ ။
မင်းသုဝဏ်
(၁၉၉၀ ဇွန်လ ၁၉ ဒေါ်အောင်ဆန်းစုကြည် ၄၅ နှစ် မွေးနေ့အတွက် စပ်ဆိုခဲ့)
အဲ့သည်အချိန်က နဝတ စစ်အစိုးရဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစာ တီဗွီနဲ့ ရေဒီယိုတွေမှာ အပုပ်ချ ကြေညာနေချိန်ပါ။ ဒေါ်စုမွေးနေ့လုပ်ရင် ဖမ်းဆီးနေချိန်ပေါ့။ ဆရာကြီး မင်းသုဝဏ်ကတော့ ရဲရဲရင့်ရင့် "အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို မြန်ပြည်တလွှား၊ ချစ်သူများခဲ့ " ဆိုပြီး ကဗျာဖွဲ့ ဂုဏ်ပြုခဲ့ပါတယ်။ ဒါကြောင့်လည်း စာပေရေးသားခွင့် ပိတ်ပင်ခံခဲ့ရပြီး သူ့စာမူတွေကို ဆရာ မောင်ပေါက်စည်နဲ့ ပြည်ပကို ဝှက်ယူသွားစေခဲ့တာပေါ့။
(မင်းသုဝဏ် ကလောင်အမည်ယူပုံ)
စလေဦးပုညရဲ့ ငယ်နာမည် မောင်ပုတ်စည်ကို ယူပြီး မောင်ပေါက်စည် (မန်းတက္ကသိုလ်) ကလောင်အမည် မှည်ခေါ်ပါတယ်။
သိပ္ပံမောင်ဝရဲ့ အမည်ရင်း ဦးစိန်တင်ကို စွဲမှတ်ပြီး တက္ကသိုလ်စိန်တင် ဆိုတဲ့ အတ္ထုပ္ပတ္ထိ စာရေးဆရာကြီး ပေါ်ပေါက်လာခဲ့ပါတယ်။
ဇော်ဂျီဆိုတဲ့ ကလောင်အမည်ကို ဆရာကြီး ဇော်ဂျီက ဇော်ဂျီရုပ်နီနီကလေးတွေကို သဘောကျလို့ ယူသတဲ့။
ဗန်းမော်မှာ ကျောင်းနေခဲ့တာကို အစွဲပြုပြီး ဗန်းမော်တင်အောင် ဖြစ်လာသလို အယ်ဒီတာကြီး ဦးရွေကြူးနဲ့ မြန်မာ့အသံ သတင်းအစီအစဉ်တင်ဆက်သူ ဒေါ်သန်းနှစ်တို့ကို လေးစားပြီး စာရေးဆရာ "ကြူးနှစ်" ဖြစ်လာရပါတယ်တဲ့။
အင်းဝမြို့ကို အစွဲပြုတာမဟုတ်ပဲ "အင်းဝဂုဏ်ရည်" အလယ်တန်းကျောင်းကို မူတည်ပြီး ကိုလေး (အင်းဝဂုဏ်ရည်) ကလောင်တချောင်း ဖြစ်လာကြောင်း စာပေဟောပြောပွဲတခုမှာ ပြောပြပါတယ်။
စလေဦးပုညရဲ့ ငယ်နာမည် မောင်ပုတ်စည်ကို ယူပြီး မောင်ပေါက်စည် (မန်းတက္ကသိုလ်) ကလောင်အမည် မှည်ခေါ်ပါတယ်။
သိပ္ပံမောင်ဝရဲ့ အမည်ရင်း ဦးစိန်တင်ကို စွဲမှတ်ပြီး တက္ကသိုလ်စိန်တင် ဆိုတဲ့ အတ္ထုပ္ပတ္ထိ စာရေးဆရာကြီး ပေါ်ပေါက်လာခဲ့ပါတယ်။
ဇော်ဂျီဆိုတဲ့ ကလောင်အမည်ကို ဆရာကြီး ဇော်ဂျီက ဇော်ဂျီရုပ်နီနီကလေးတွေကို သဘောကျလို့ ယူသတဲ့။
ဗန်းမော်မှာ ကျောင်းနေခဲ့တာကို အစွဲပြုပြီး ဗန်းမော်တင်အောင် ဖြစ်လာသလို အယ်ဒီတာကြီး ဦးရွေကြူးနဲ့ မြန်မာ့အသံ သတင်းအစီအစဉ်တင်ဆက်သူ ဒေါ်သန်းနှစ်တို့ကို လေးစားပြီး စာရေးဆရာ "ကြူးနှစ်" ဖြစ်လာရပါတယ်တဲ့။
အင်းဝမြို့ကို အစွဲပြုတာမဟုတ်ပဲ "အင်းဝဂုဏ်ရည်" အလယ်တန်းကျောင်းကို မူတည်ပြီး ကိုလေး (အင်းဝဂုဏ်ရည်) ကလောင်တချောင်း ဖြစ်လာကြောင်း စာပေဟောပြောပွဲတခုမှာ ပြောပြပါတယ်။
ဆရာကြီး မင်းသုဝဏ် ကလောင်အမည်ယူပုံကို ဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က သာဝတ္ထိက စာပေ ဟောပြောပွဲမှာ အခုလို ပြော ဟောပါတယ်။
" ဦးကြော့ရဲ့ စုံနံ့သာမြိုင် ရှာပုံတော်ကြီး သီချင်းထဲက မင်းသုဝဏ် ကလောင်"
" ကျုပ် (ကိုလေး (အင်းဝဂုဏ်ရည်) တို့ ၆ တန်းတုန်းက ဆရာမင်းသုဝဏ်ရဲ့ "သပြေညိုနဲ့ အခြားကဗျာများ " သင်ရတယ်။ ကျနော့် ဆရာမက သင်တယ်။ ကလေးတို့ ဒီကဗျာ ဘယ်သူရေးသလဲဟေ့။ " မင်းသုဝဏ် " ပါ ဆရာမ။ မင်းသုဝဏ်က ကလောင်နာမည်ကွ။ လူနာမည်က ဦးဝန် တဲ့။ ဦးဝန်၊ ကိုဝန်၊ မောင်ဝန်ကနေ "မင်းသုဝဏ်" ကလောင်နာမည် ယူပုံကို ပြောရရင် မင်းတုန်းမင်းကြီးကို သိလား။ မင်းတုန်းဘုရင် လက်ထက်မှာ စာတော်ဖတ်ဦးကြော့၊ စာရေးတော်ကြီးဦးကြော့၊ တောင်တွင်းကြီးဦးကြော့၊ နတ်မောက်ဦးကြော့၊ စုံနံ့သာမြိုင် ဦးကြော့ နာမည်အမျိုးမျိုးနဲ့ ကျော်ကြားထင်ရှားတဲ့ ဦးကြော့က လင်ပျောက်ရှာတဲ့ ရှာပုံတော်ကြီး ရေးတယ်။ ဆရာမက ဆိုပြတယ်။
(စုံနံ့သာမြိုင် ရှာပုံတော်ကြီး)
စုံနံ့သာမြိုင် ရဂုံတွင်းမှာလ ထုံသင်းငယ်ကြိုင် ဂနိုင်ဟေမ နွေအစမှာ ရွေများကလျာ ဟိုခင်ကို လျှောက်ပါလို့ လင်ပျောက်ကို ရှာခဲ့ ဂန္ဓမာငူ မြေတလင်း နေမင်းက ပူသနှင့် နန်းသူဒေဝီ အို… တွေ့နိုင်ပြီဘဲမို့ လဲလုပြီ။ ။
ကေသီတော်ညက် မြစပယ်ငုံ လလယ်ယုန် ဆဆက်ပုံ ပျက်ခဲ့ပေါ့။
စက်တင်ခုံမှန် ခြူးအုံပျံငယ် ပုံစံတော်ရေး ယာဉ်ထီးမပါ မှင်ဘီးငယ်ကွာ လင်မီးစာ မအေးနိုင်ဘူး လေးတရာဆီ ထုံထုံမွှေး ကုန်ဝေးပြီမို့ မဟေသီရုပ် ဘွေကြငှန်းသူ ပွေခန်းငယ်ထူ ရွှေနန်းမူ ဟုတ်နိုင်ဘူး ဥက္ကဌရှင် အို… ငယ်ကကျွမ်းပါတဲ့ ခင်ပွန်းလင်။ ။
မနွမ်းခင်ခု လျင်လျင်ငယ်ပြေးလို့မို့ ခင်လေးကို ရှုလှဲ့ပါ။ ဆွေးမှုထပ်ကြွယ် အို… ဖိုဖိုငယ်ရှိုက်ပါလို့ ငိုလိုက်မယ်။ ။
မောင်မောင်မြင်လှည့် - ကိုယ်သက်ထား ရွှေအားတော် နွဲ့လှပေါ့။
မနွမ်းခင်ခု လျင်လျင်ငယ်ပြေးလို့မို့ ခင်လေးကို ရှုလှဲ့ပါ။ ဆွေးမှုထပ်ကြွယ် အို… ဖိုဖိုငယ်ရှိုက်ပါလို့ ငိုလိုက်မယ်။ ။
မောင်မောင်မြင်လှည့် - ကိုယ်သက်ထား ရွှေအားတော် နွဲ့လှပေါ့။
သဲ့သဲ့ကလေး ရဲ့ရဲ့သာဆွေးပါရ၊ မအေးလိုက်ထာ - ဖေဖေမောင်လှ ရွှေရောင်ပွကို မေနှမရှာခဲ့၊ မဟာဒုကူလ ပါရိကတို့ - တာပသလှုံ - အို - ပျော်ရွှင်မြန်းပါတဲ့ - သင်္ခမ်းဘုံ ။ ။
ယမုံသောင်စပ် - ရွှေသမင် - ရေတင်ခပ် - လောင်းမြတ်ဆုမွန် - အို ရွှေလိုဝင်းပါတဲ့ "မင်းသုဝဏ်" ။ ။
ယမုံသောင်စပ် - ရွှေသမင် - ရေတင်ခပ် - လောင်းမြတ်ဆုမွန် - အို ရွှေလိုဝင်းပါတဲ့ "မင်းသုဝဏ်" ။ ။
ဒီနေရာကနေ ကလောင်အမည်ကို အမည်ရင်း ဝန် ကလေးလည်းပါအောင် "မင်းသုဝဏ်" လို့ ယူခဲ့တာ ဖြစ်ပါတယ်။
(လယ်စောင့်တဲ)
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်။
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့်ပနံတင့်။ ။ (မင်းသုဝဏ်)
ဆရာကြီး မင်းသုဝဏ်ဟာ ဒီကဗျာကို လန်ဒန်မှာ ပညာတော်သင်နေရင်းက ရွာလွမ်းစိတ်နဲ့ ရေးဖွဲ့ခဲ့တာပါ။ ဒေါ်စု မွေးနေ့ကဗျာ၊ ၈၈၈၈ အရေးတော်ပုံကြီး ထောက်ခံတဲ့ ကဗျာတွေ၊ NLD ကဗျာတွေ ရေးသားပြီးနောက်မှာ မင်းသုဝဏ်ကဗျာတွေ စာတွေကို ပိတ်ပင်ခံရပါတော့တယ်။
(NLD အလံကဗျာ)
ခွပ်ဒေါင်းရဲ့ အိုးဝေ
တို့မြေရဲ့ ချိုတေး။
ကြယ်ဖြူလို ဘယ်သူဝင့်နိုင်ပါ့
တင့်လှတယ်လေး။ ။
(မင်းသုဝဏ်)
ခွပ်ဒေါင်းရဲ့ အိုးဝေ
တို့မြေရဲ့ ချိုတေး။
ကြယ်ဖြူလို ဘယ်သူဝင့်နိုင်ပါ့
တင့်လှတယ်လေး။ ။
(မင်းသုဝဏ်)
စာဆိုတော်ကြီး ဆရာကြီး မင်းသုဝဏ်ဟာ ၂၀၀၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ၉၅ နှစ် ရှိပါပြီ။
သူ့ဟာ စာတွေ ကဗျာတွေကို ၁၃ နှစ် ကျောင်းသားငယ် အရွယ်ကစ ရေးခဲ့သူလည်း ဖြစ်ပါတယ်။ မြန်မာပြည်အတွက် တန်ဖိုးရှိလှတဲ့ ကဗျာစာအုပ်တွေ၊ လုံးချင်းစာအုပ်တွေလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။ မြန်မာ့စာပေသမိုင်းအတွက် ကြီးမားတဲ့ ကျေးဇူးရှင်ကြီးတဦးလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဆရာကြီး မင်းသုဝဏ်ဟာ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ကမာရွတ်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူပါ။
အနိုင်ရမဲ အရေအတွက် ၂၃,၃၄၅ (၇၆ ရာခိုင်နှုန်း) ဖြစ်တယ်။ စစ်တပ်က ကတိမတည်ဘဲ ဖိအားပေးခဲ့တာကြောင့် အမတ်အဖြစ် တာဝန်ထမ်းဆောင်ခွင့် မရခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်တပ်ရဲ့ အမုန်းခံရသူပါ။
ဟိုးတချိန်ကလည်း ဆရာကြီး မင်းသုဝဏ်ဟာ ရန်ကုန်တက္ကသိုလ်မှာ လက်ထောက်ကထိကတဦး ဖြစ်စဉ်က ကျောင်းသားဖြစ်ခဲ့တဲ့ ဦးနေဝင်းကို ကျောင်းထုတ်ပစ်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဦးနေဝင်း အာဏာရှင် ဖြစ်လာချိန်မှာ သူ့ကို ဖိအားတွေပေးတာလည်း ခံခဲ့ရဘူးပါတယ်။ စစ်အစိုးရ ဖိအားပေးမှုတွေကြောင့် ရွေးကောက်ပွဲ အနိုင်ရပြီး ၈ နှစ်အကြာမှာ ပါတီဝင်ကနေ နုတ်ထွက်ခဲ့တယ်။
" မင်းတို့က ဖိအားပေးလွန်းတော့ ငါ NLD ပါတီကနေ ငါ နှုတ်ထွက်မယ်။ ပါတီက ငါ့သဘောနဲ့ငါ ဝင်ထားလို့ ငါနှုတ်ထွက်တာ။ လွှတ်တော်ကိုယ်စားလှယ်ကနေတော့ နှုတ်ထွက် မပေးနိုင်ဘူး။ ငါ့ကို ပြည်သူက ရွေးချယ်ထားလို့။ ပြည်သူက ထွက်ခိုင်းရင် ထွက်မယ်။ ငါ့သဘောနဲ့ငါတော့ အမတ်အဖြစ်က ထွက်လို့ မရဘူး။" လို့ ဆရာကြီးက ပြတ်ပြတ်သားသား ပြောခဲ့တာပါ။
(မင်းသုဝဏ် NLD ပါတီ ပြန်ဝင်ခွင့်)
ဒေါ်စုရဲ့ အနီးကပ် ဗိုလ်ကြီးဟောင်း ဝင်းထိန်က ၁၉၉၅ ခုနှစ် ဇွန်လ ၁၀ ရက် အကျယ်ချုပ်က ပြန်လွတ်ပြီးချိန် ဆရာ မင်းသုဝဏ်ဟာ ဒေါ်စုကို လာတွေ့ကြောင်း ပြောပြဘူးပါတယ်။ မင်းသုဝဏ်က အမေစုကို စာတစောင် တင်ပြခဲ့တယ်။ စာထဲမှာ NLD ပါတီဝင်အဖြစ် ပြန်ဝင်ခွင့်ပြုဖို့ပါတဲ့။
နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီဝင် ပြန်ဖြစ်သွားတဲ့ စာဆိုကြီး မင်းသုဝဏ်ကို ဦးဆောင်စေပြီး "သက်ကြီးစကားဝိုင်း စာပေဟောပြောပွဲတွေ" ပြုလုပ်ခဲ့ ကြရပါတယ်လို့ ဦးဝင်းထိန်က ဆိုခဲ့ပါတယ်။ ၁၉၉၈ က ပါတီကနေ စစ်ထောက်လှမ်းရေး ဖိအားကြောင့် နှုတ်ထွက်ခဲ့တယ်။ နောက် ၆ နှစ်ကြာမှာ ပြန်ဝင်ခဲ့သပေါ့။