လင်းနွေးအိမ် - ကြွင်းကျန်ရစ်တဲ့ပြာပုံထဲက စစ်ကိုင်း
ကြွင်းကျန်ရစ်တဲ့ပြာပုံထဲက စစ်ကိုင်း
လင်းနွေးအိမ်
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၂
အဲဒီအိမ်ပေါ့
သားနဲ့သမီးတရုတ်ပြည်ကြီးမှာ
အလုပ်လုပ်ပြီးဆောက်ခဲ့တာ။
အဲဒီပန်းကန်ခွက်ယောက်တွေပေါ့
ကျုပ်တို့တွေ ယာခင်းရေသွင်းခ
ရသမျှနဲ့ဝယ်ခဲ့တာ။
အဲဒီအင်္ကျီလေးတွေပေါ့
စပါးပေါ်ချိန်နေ့ပြန်တိုးနဲ့
ဘုရားပွဲလည်ဖို့ဝယ်ခဲ့တာ။
အခုတော့
ကြွင်းကျန်ရစ်တဲ့ပြာပုံမှာ
သားနဲ့သမီးရဲ့ချွေးစက်တွေ
ကျုပ်တို့ရဲ့မျက်ရည်တွေသာစွတ်စိုလို့။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar