အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၃ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း
အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၃ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၂
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခြင်း
နာဇီ ဂျာမဏီက ပို၍ကြီးမားသည့် ဂျာမဏီကို ဖန်တီးလိုသည်။ (ပို၍ကြီးထွားနိုင်သည့် နယ်မြေ Lebensraum လိုအပ်သည်) ထို့အပြင် ကုန်ကြမ်းများလည်း ရရှိလိုသည်။ ဂျာမဏီက စစ်အင်အားချဲ့ထွင်ရန်အတွက် ပြင်သစ်က စီမံအုပ်ချုပ်နေသည့် ကျောက်မီးသွေး ကြွယ်ဝသော ရိုင်းနယ် (Rhineland) ကို လိုချင်သည်။ ဗာဆေးစာချုပ်အရ ပြင်သစ်က စီမံခန့်ခွဲနေခြင်း ဖြစ် သည်။ ဟစ်တလာက ဂျာမန်စကားပြောသူ အားလုံးကိုလည်း ပြန်၍စည်းလုံးချင်သည်။ စစ်ပွဲကြီးပြီးနောက်ပိုင်း ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို ဂျာမဏီအောက်တွင် ပြန်၍သိမ်းသွင်းချင်သည်။
၁၉၃၃ ခုနှစ် ဩစတြီးယား၏ Anschluss လုပ်ငန်းစဉ်သည် စတင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်သို့တိုင် ဆက်၍ဖြစ်ပေါ်ခဲ့သည်။ ၁၉၃၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဂျာမဏီက ချက်ကိုစလိုဗားကီး ယားကို ကျူးကျော်ခဲ့သည်။ ယူကေနှင့် ပြင်သစ်တို့က ဝင်ရောက်မစွက်ဖက်လို။ သူတို့၏ နှစ်သိမ့်ကြေအေးရေး မူဝါဒကို နာကျဉ်နေရသည့်တိုင် ဆက်၍ ထိန်းသိမ်းထားလိုသည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလတွင် ဂျာမဏီက ပိုလန်ကိုကျူးကျော် သည့်အခါ ပြင်သစ်နှင့် ဗြိတိန်က စစ်ကြေညာခဲ့သည်။
ဂျာမဏီက ၁၉၃၉ ခုနှစ် Molotov– Ribbentrop စာချုပ်ကို ချိုးဖောက်၍ ၁၉၄၁ ခုနှစ် ဇွန်လတွင် ဆိုဗီယက်ယူနီယံကို ကျူးကျော်ခဲ့သည်။ ထိုအခါ စတာလင်က စစ်ကြေညာခဲ့သည်။ ဂျာမဏီ၏ ဝင်ရိုး စွန်းတန်း မဟာမိတ်အဖွဲ့တွင် အီတလီက ပါဝင်လာသည်။ ယင်းက အီသီယိုပီးယားကို ၁၉၃၅ ခုနှစ်တွင် ကျူးကျော်သိမ်းပိုက် ထားပြီး ဖြစ်သည်။ ၁၉၃၉ ခုနှစ်တွင် မက်ဒီတာရေးနီးယန်းနိုင်ငံများဖြစ်သော အယ်လ်ဘေးနီးယား၊ ဂရိစ်တို့ကို ဆက်၍ သိမ်း ပိုက်သည်။
အရှေ့ဖက်တွင် တတိယမြောက် ဝင်ရိုးတန်းနိုင်ငံအဖြစ် ဂျပန်က မဟာမိတ် ဖြစ်လာသည်။ ယင်းက မန်ချူးရီးယားနှင့် တရုတ် ပြည်မကို သိမ်းပိုက်ထားပြီး ဖြစ်သည်။ မန်ချူးရီးယား သယံဇာတ ပေါကြွယ်ဝသည်။ ဂျပန်က အာရှတိုက်ရှိ ဥရောပက ကိုလိုနီ ပြုထားပြီးသား နယ်များကို ဝင်ရောက်ခွင့်မရှိသောအခါ ယင်းကိုလိုနီနယ်မြေများမှ သယံဇာတ၊ ကုန်ကြမ်းများ ရရှိနိုင်ခြင်း မရှိပါ။ ထို့အပြင် ယင်း၏ထုတ်ကုန်များ ရောင်းချနိုင်ရန်လည်း တားမြစ်ခံထားရသည်။ ကုန်ကြမ်းနှင့် ဈေးကွက်ရှာဖွေနိုင်ရန် အတွက် ဂျပန်က ပြင်သစ်၊ ဗြိတိသျှနှင့် ဒတ်ချ်ပိုင် ကိုလိုနီနယ်မြေများကို ကျူးကျော် သိမ်းပိုက်သည်။ အာရှဒေသမှ ကိုလိုနီ အာဏာကို မောင်းထုတ်ရန် ရည်ရွယ်ပြီး “အာရှသည် အာရှတိုက်သားများအတွက်” ဟု ကြွေးကြော်သည်။
ဂျပန်က ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် လေကြောင်းမှနေ၍ အမေရိကန်၏ ရေတပ်ဌာနချုပ်တခုဖြစ်သော ပုလဲကျွန်းကို ဗုံးကြဲတိုက် ခိုက်ခဲ့သည်။ ထိုအခါ ချက်ချင်းပင် သမ္မတ ရုစဗဲ့က စစ်ကြေညာခဲ့သည်။
Haan, Peter de. (2016). From Keynes to Piketty: The Century that Shook Up Economics. Palgrave Macmillan
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar