Breaking News

မောင်လူူူူူူပေ - ဆေးတိုးစစ်လေ ပိုတိုးလေ ကိုရိုနာ (၂၇/၀၃/၂၀)



မောင်လူူူူူူပေ - ဆေးတိုးစစ်လေ ပိုတိုးလေ ကိုရိုနာ (၂၇/၀၃/၂၀)

မိုးမခ၊ မတ် ၂၈၊ ၂၀၂၀

အီတလီမှာ တရက်အတွင်း (၉၁၉)ဦးအထိ စံချိန်တင်သေဆုံးခဲ့ပြန်တယ်။ သေဆုံးသူကိုးထောင်ကျော်သွားခဲ့ရပြီ။ ကူးစက်ခံရသူလည်း တရုတ်ပြည်ကိုကျော်လွန်သွားခဲ့ပြီ။

စပိန်မှာလည်း တရက်အတွင်း (၅၆၉)ဦးသေဆုံးခဲ့ရလို့ သေဆုံးသူငါးထောင်နီးပါး ရှိလာပြီ။ အီတလီနဲ့စပိန်မှာ သေဆုံးမှုဟာ တရုတ်ပြည်ထက်များစွာသာလွန်နေပါတယ်။

ရောဂါကူးစက်သူအများဆုံးနဲ့ စံချိန်တင်ထားတဲ့ အမေရိကန်ပြည်ထောင်စုမှာ တရက်အတွင်း (၂၄၁)ဦးသေဆုံးလို့ သေဆုံးသူ တစ်ထောင့်ငါးရာကျော်ရှိသွားတယ်။ ကူးစက်ခံရသူဦးရေ တစ်သိန်းနီးပါး ရှိနေပါပြီ။ စစ်ဆေးမှုတွေမြန်ဆန်လာလို့ လူဦးရေထပ်တိုးဖို့သာ ရှိတယ်။

သမ္မတထရန့်နဲ့ သမ္မတစီကျင်းပင်တို့ ရောဂါအကြောင်း သတင်းဖလှယ်ရင်းဖုန်း​ပြောကြတယ်။ သမ္မတစီက အမေရိကန်တွေအတွက် စိုးရိမ်ကြောင်းပြောတယ်။ အဆိုးထဲကအကောင်းပေါ့။ ထရန့်နဲ့စီကျင်းပင်လည်း ရောဂါကြောင့် ပြန်လည်ဆက်သွယ်မှုပြုကြပါတယ်။

ရွှေပြည်ကြီးမှာလည်း ရောဂါသည်အသစ်သုံးဦးတိုးလို့ ရှစ်ဦးရှိသွားပါပြီ။ နောက်တိုးသုံးယောက်မှာ တစ်ယောက်က ဘယ်နိုင်ငံမှမသွားခဲ့တဲ့ တိုးဂိုက်ပါ။ ပြင်သစ်အဖွဲ့ကို တိုးဂိုက်လုပ်ခဲ့တယ်။ သူတိူ့ဆီက ကူးလာပုံရတယ်။ ပထမဆုံးတွေ့တဲ့ ရပ်ရွာအတွင်းကူးစက်မှု community transmitted case ဖြစ်မယ်။