Breaking News

မောင်လင်းရိပ် - သေလောက်တယ် နှင်းဆီ

Image- Crd

သေလောက်တယ် နှင်းဆီ
မောင်လင်းရိပ်
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၂

မနေ့က နှင်းဆီ မဟုတ်လား
မေးခွန်း မလိုဘူး ထင်တယ်
ပွင့်ပုံဆန်း ဆူးရောက်ပုံ ဆန်း
လမ်းပေါ်မှာ လူငယ်တွေ ဆန်း
စာသားတည်ပုံတွေလည်း ဆန်း
ဗြန်းခနဲ ဖွင့်ပြပုံက ဆန်း
နံလည်းနံ ရှည်လည်းရှည် မဟုတ်တဲ့ အဆန်း
မင်း ဘိုင်းခနဲ လဲသေထိုက်တယ်
လူငယ်တွေ လုံခြည်ဆင်မှာ ထည့်ရက်လိုက်ပြီ
ခေတ်နဲ့ညီ ဒီနေ့ နှင်းဆီ
နီလည်းနီ ဆူလည်းစည်/စီ
လုံခြည်ကိုဖြန့်ဝတ်တော့ ပွင့်သွားတယ် 
စာသားတွေ လိုက်မစဉ်းစားနဲ့
ပွင့်ပုံကိုလည်း မှုရတာမဟုတ်လား
မနေ့က နှင်းဆီတော့ မဟုတ်ဘူး

၂၀၂၂၊ နို ၁၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar