Breaking News

ငဇ - ဒီဇင်ဘာပြီးရင် ဇန်နဝါရီတရွက်

Art- Crd
ဒီဇင်ဘာပြီးရင် ဇန်နဝါရီတရွက်
ငဇ
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၂၃

မီးလောင်ပြင်
အိုးမဲ့အိမ်မဲ့ တကွဲတပြား ငတ်မွတ်မှု
ဈာပနနဲ့ မျက်ရည်နေ့ညတွေကို မနာ
ပျော်နေနိုင်ရက်ကြ
မကြာခင် နှစ်သစ်ဆိုလည်း
လူငယ်ဟာ မနှစ်က အဝတ်အစားနဲ့ပဲ
နေထွက်မယ်
မင်းတို့အပျော်တွေ လိပ်ပြာသန့်ပါစေ
ဆူညံလွန်တဲ့ည
အမွန်အမြတ် ပန်းကလေးတွေ...
ခြေလှမ်းထဲ တိတ်တိတ်
ဒီဇင်ဘာပြီးရင် ဇန်နဝါရီတရွက်
ကဗျာက မပြီးသေးဘူး။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar