သင်းရည်လွင် - အဝေး၊ မိုးတိမ် နဲ့ နှင်းတွေ
သင်းရည်လွင်
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၂၃
သစ်ကိုင်းတစ်ခု မှာ ငှက်ကလေးတစ်ကောင်
ဟိုး တောင်ခြေမှာ တဲငယ်လေး နဲ့ မီးခိုး
မြောက်လေသွေးရင် တငြိမ့်ငြိမ့် အိကျလာတဲ့ နှင်း
ငါ မျက်ဝန်းမှာ တိမ်တွေလည်း မှိုင်းပြ
အို ဟောသည် တောတန်းလေးလွန်ရင်
အမေ့ခေါ်သံများ ကြားမလား
စိတ်ထဲ သည်းသည်းလှုပ်
ငါ့ အတွေးမှာ ပြန်ထူးတဲ့အသံ
ရင်ဘတ်ထဲတလျှောက် တိုးတိမ်လွန်းတယ် ။
J.10.23
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar