Breaking News

နေသွင်နိုင်း - မရေးဖြစ်တဲ့ကြယ်

မရေးဖြစ်တဲ့ကြယ်
နေသွင်နိုင်း
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၃

တလောကလုံးကို လိပ်မူပြီး ရောက်လာတယ်
နှလုံးသားလှသူ ကြားလိမ့်။
အုန်းလက်မြင်းလည်း မစီးရ
ထန်းလက်မြင်းလည်း မစီးရ
ရေစီးနဲ့မျောလာတဲ့သစ်ရွက်ငယ်
ငရဲကပို့လာတဲ့ဒုက္ခသစ်ပင်အစည်းအခိုင်လိုက်
ငါးသေတ္တာဘူးထဲက
ဖွယ်ဖွယ်ရာရာမရှိတဲ့ သောကခြုံစောင်
စစ်မီးလောင်ပြင်မှာ မျက်ရည်နဲ့ပိန်းဥ
စွပ်ပြုပ်ခွက်ထဲ ညချမ်းကိုထုဆစ်တော့
အလွမ်းက မီးတောင်ကြား ပွင့်လာ
မင်းနာမည် အမေမဲ့
ငါ့နာမည် အဖေမဲ့
အမှောင်ရောင်ပုန်းကျင်းထဲ
သူလေး
စာရေးတယ်
သို့
ဖေဖေနဲ့ မေမေ ။
ခဲတံတံတွေးဆွတ်
ဝလုံးကို ဒရွတ်ဆွဲစဥ်
လေယာဥ်ဟာပျံသွားတယ်။ ။

19.1.2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar