Breaking News

ကိုအောင်မှိုင်း - သက်တံအို


ကိုအောင်မှိုင်း - သက်တံအို

(မိုးမခ) မတ် ၉ ၊ ၂၀၂၃


ငယ်စဥ်တောင်ကျေး

ကလေးဘဝ သတိတရ

သက်တံမြင် ရင်ခုန်ခဲ့တဲ့ငါ။


ရင့်ရော်လာရ

လူကြီးဘဝ သတိတရ

သက်တံမြင် ရင်ခုန်နေဆဲငါ။


ချစ်ခြင်းအိပ်မက်

ရစ်နှောင်ဖွဲ့ သံသရာ

အချစ်ဟာ ကိုးကွယ်ရာ

ချစ်ကြိုးဟာ ခိုင်မာသမို့

သီကာထုံးစို့ ဘဝင်မှာ

တေးသီလို့ အခါခါ

လွမ်းမိပါရဲ့ သံသရာ

သက်တံဟာ ရောင်စုံပန်းပေမို့

နုပျိုမဆုံးတာက သစ္စာ။


ပန်းဖြူတပွင့်

လေနဲ့တူလွင့်

တိမ်တံတားကိုချိုး

အိပ်မက်တွေပျိုးလို့

အချစ်ကြိုးမျှင်

ရက်ကန်းစင်မှာ

သက်တံရောင်ပန်း

မဉ္ဇူသက နတ်ပန်း။


ဖူးငုံသွင်ဆန်း

အနမ်းများစွာ

ရင်မှာလှိုင်းထ

ကြည်နူးစွတေး

ချစ်တေးသီကာ

ဘဝဆိုတာ ကဗျာ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar