Breaking News

ဝင်းမြင့် - မြင်ကွင်းဟောင်း

မြင်ကွင်းဟောင်း
ဝင်းမြင့်
(မိုးမခ) မတ် ၁၂၊ ၂၀၂၃

နှင်းမြူတွေက
နေရောင်ခြည် မပေါ်ပေါက်သေးခင်
သမိုင်း အစကို သင်ကြားပေးတယ် ။
သစ်ရွက်တွေက
ခုံတန်းလျားပေါ ်မှာ 
စောင့်ရင်းဆွေးတယ် ။
အိပ်မက်တွေက
လေနဲ့ ထိတွေ့မှု မရှိ
အခြပ်လိုက်ကြီး သရုပ်ဆောင်နေတယ်။
ရေငွေ့ရိုက် မှန်ထဲကနေ
ကျီးကန်းတွေဖြူဖျော့ ။
ဒီအကြောင်းတွေ ပြောပြဖို့
ကျနော် ဝန်လေးပါတယ် ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar