ခိုင်မျိုး - ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဧပြီ ၂၊ ၂၀၂၃
နေ့ညမရွေးကျွန်တော်တို့အရေပြားပေါ်ကပ်နေတဲ့
အရာပေါ့
ဆင်းရဲခြင်းတဲ့
လောကဓံပြာအလူးလူးကြား
ဘုရားအဆူဆူနဲ့လွဲခဲ့သူများ
မစင်အိမ်မှာလောက်တဖွားဖွား
သင်ဒုန်းဓားသရဖူများ
လောကီဓလေ့များ
တံလျပ်ပန်းတို့သာကောက်မိလေသလား
ရွာထဲမှာ ...
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar