မနအ - ယာခရိုးလေးမှာ
ယာခရိုးလေးမှာ
မနအ
(မိုးမခ) ဧပြီ ၄၊ ၂၀၂၃
တောက ပြာ
ရွာက ညို့ နဲ့
ရင်ဆို့နေတဲ့ ပြတင်းပေါက်လေးတွေခမျာ
မနက်ခင်းဆို ကြက်တွန်သံကို မကြားရဘူး ။
ရွာက ညို့
မြို့က မှောင် နဲ့
မြို့တမြို့ရဲ့ ချောင်ထဲမှာ
သွေးကြောင်နေတဲ့ သတင်းထောက်လေးခမျာ
ဘယ်သူလာမလဲလို့ ဂူဂဲလ်ခေါက်တာ မရပ်ဘူး ။
မြို့က မှောင်
တောင်က ညစ်
မြစ်က ကော
တောက ပြာ
ရွာက ညို
အဲ့သလိုမျိုး နဲ့
ယာခရိုးပေါ်က
ခြေတပေါင်ကျိုးနေရှာတဲ့ စာခြောက်ရုပ်လေးခမျာ
ကလင်ဒါကျ စီထားတဲ့
ရာသီစာကဗျာမိုးတိုးမတ်တတ်တွေကို
မရွတ်တတ် မဖတ်တတ်တော့ပါဘူး ။ ။
၂၉ မတ် ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar