Breaking News

စိုးရိမ် - စေတန်မြစ်

စေတန်မြစ်
စိုးရိမ်
(မိုးမခ) ဧပြီ ၅၊ ၂၀၂၃

ရွှေဖြစ်မယ်ငွေဖြစ်မယ်ဆိုပြီး
အသေချစ်တယ် သေကြပြောနေတော့
ငါတို့က
သော့မရှိတဲ့ သော့အိမ်တွေမှမဟုတ်တာ
မြစ်ကမ်းပါးငါးထိုင်မျှားရင်း
တောင်စွယ်မှာနေကွယ်ပုံထိုင်ငေးနေတာ
အားရနေမယ့်ကောင်တွေမှမဟုတ်တာ
ရုပ်နဲ့နာမ်ကိုမခွဲပါဘူး
မင်းဒူးဘယ်လောက်ရှည်လဲမတိုင်းပါဘူး
အရူးတွေလှေစီးသလိုပေါ့
လှိုင်းလူးတာထက်ပိုမူးပြနေမိတာ
ကြွေလှည့်တာမလှည့်တာထက်
ကြက်ကိုသတ်စားချင်နေတာ
ညရေးညတာတောင်
မလွယ်တဲ့ဘဝတွေမဟုတ်လား။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar