Breaking News

မိုးခါး - တော်လှန်ရေးသမား

တော်လှန်ရေးသမား
မိုးခါး
(မိုးမခ) ဧပြီ ၃၊ ၂၀၂၃

ဆောင်းအကြောင်းမကောင်းပြောသူတွေအတွက် မီးလင်းဖို
မှားနေတဲ့စကားစုတွေအတွက် ဆေးတခွက်
ပြောချင်ရာပြောချသူတွေအတွက် ဓားတလက်
အထက်တန်းစားဂုဏ်သရေပျက်တွေအတွက် မစားကောင်းတဲ့သစ်သီး
သတင်းသမားတွေ အမြဲနားစွင့်နေရတဲ့ သီချင်း
သေနေတဲ့ရှုခင်းကို လှုပ်ခတ်သွားစေသည့် လေညင်း
ချစ်ခြင်းမေတ္တာအပေါ်အရောင်မထည့်ပဲလွင့်ထူစေသည့် အဝတ်တစ
တရားသောအမှု ထည့်မြှပ်နှံထားစေသည့် ဘဏ်တိုက်၊၊  ၊၊
           
17.2.2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar