Breaking News

ကျော်မင်းထွန်း (NEW YORK) - အတာပန်း

အတာပန်း
ကျော်မင်းထွန်း (NEW YORK)
(မိုးမခ) ဧပြီ ၃၊ ၂၀၂၃

ငုဝါတဲ့လား
သင်္ကြန်မှာ ရောက်လာပါပြီ
ပိတောက်လို ရနံ့မမွှေးပေမဲ့
တခါတလေ ရနံ့ဆိုတာ
မွှေးစရာမှ မလိုတာ။

သူ့ဘာသာ..
အပင်ပေါ်မှာပဲ ပွင့်ပွင့်
မြေပေါ်မှာပဲ လွင့်လွင့်
လေသင့်လို့ ခုန်ဆင်းတဲ့အခါ
မြေပေါ်မှာ အခင်းဖြစ်လာသတဲ့။

တချို့က ငုဝါကိုချစ်ကြ
တချို့က ပိတောက်ကိုချစ်ကြ
တချို့က တချို့တွေကို
မသိသလိုနေကြတဲ့ ကာလမှာ
အပင်ပေါ်က ငုဝါတွေလို
အတာအိုးထဲက ပိတောက်တွေ
အတာနွေမှာ နေပျော်ပါ့မလား။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar