Breaking News

ဝါကျဖြူ - မျက်ရည်ပုခက်

မျက်ရည်ပုခက်
ဝါကျဖြူ
(မိုးမခ) မေ ၁၂၊ ၂၀၂၃

အိပ်မက်ထဲမှာလရောင်ရဲ့မျက်ရည်စတွေကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားတဲ့ငိုသံများ။
ဂါဇာကမ်းမြောင်ဒေသရဲ့ကြောလျားတလျှောက်
ကြွက်တက်နေတဲ့တိမ်တိုက်တွေရဲ့ငြီးငွေ့ဖွယ်ထူပျစ်ပျစ်အရိုးပြိုင်းပြိုင်း
ကျနေတဲ့တယ်လီဖုန်းမည်သံများ။
ငါ့အိမ်ခေါင်ရဲ့တဝုန်းဝုန်းပြိုလဲနေတဲ့စကားလုံးတွေက
မာယာကော့ဖ်စကီးရဲ့ဗွိုင်လာအိုးပေါက်ကွဲသံတွေနဲ့ယက်ရှယ်ထားတဲ့အဝတ်တစ်ထည်လိုမျိုး ။
 9/5/23

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar