Breaking News

ဝင်းမြင့် -


တိမ်ပြေးသူ
ဝင်းမြင့်
(မိုးမခ) မေ ၅၊ ၂၀၂၃

ရထားလမ်းအတိုင်း လျှောက်ရင်
တိမ်တွေဆီ ရောက်မယ် လို့
ကျနော် လက်မှတ်ရောင်းပါတယ် ။
အဝေးက
ကားဟီသံတွေ ဘေးမှာ
ကျနော့် မှတ်ပုံတင်လေး
ဒါမှမဟုတ် ရေသံသဲ့သဲ့။

ဘယ်တော့ ပြန်ဆုံမလဲ မေးရင်
ဖုန်းပိတ်ထားပါ သတဲ့။

လွမ်းရတာလွယ်ပြီး
ပြန်ဖို့ရာခက်တဲ့ အိမ်အပြန်လမ်းတွေရဲ့
နွေညအခါပေါ့ ။ ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar