Breaking News

ခိုင်မျိုး - ရွာထဲမှာ

ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဇွန် ၇၊ ၂၀၂၃

နောက်ဆုံးမိစ္ဆာဟာ
အခုတော့
အရေခွံလဲလိုက်ပြီ
ကမ္ဘာရဲ့လမ်းသိမ်လမ်းမွှားများဆီအထိ
သူ့ရဲ့ကိုယ်ဟန်ပြပွဲတွေကို
စေလွှတ်ပြီးပြီ
ပိုးမွှားလက်နက်များ
ပဒေသာမိုင်းများ
လေးဆင့်ကွဲဒုံးကျည်များ
ဂျစ်ပစီများနဲ့စစ်ဘေးဒုက္ခသည်များကိုဖန်ဆင်း
ပြီးပြီ
သွေးအန်နေတဲ့ဝါဒတွေ
နွားလိုရုန်းမယ့်လူတွေ
အမြဲတစေထောင်မတ်နေမယ့်အလံလိုတန်ဆာ
တွေကိုတီထွင်ပေးပြီးပြီ
တတိယကမ္ဘာစစ်ဟာ
ဆန္ဒပြည့်ဝသွားတဲ့မိန်းမတယောက်
ခုတင်ပေါ်ကထလာသလို
ထလာဖို့သာကျန်ရဲ့။ ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar