Breaking News

ချစ်ထား - မိစ္ဆာအူသံ

Art- KT#
 
မိစ္ဆာအူသံ
ချစ်ထား
(မိုးမခ) ဩဂုတ် ၄၊ ၂၀၂၆

ရေဒီယိုကပြောတယ်
ရွာရန် ရာနှုန်းပြည့်တဲ့
သေချာရဲ့လား

စံပယ်ပွင့်ဖြူဖြူလေး
အိမ်ရှေ့စံပယ်ပင်လေးကအပွင့်တဲ့
သေချာရဲ့လား

ချစ်သူရဲ့ချစ်ကတိစကား
နားနဲ့ဆတ်ဆတ်ခဏခဏကြားရဲ့
သေချာရဲ့လား

သေချာတာတွေ မသေချာရင်
မသေချာတာတွေ သေချာမှာလား

အမှန်တရား
နာဖျားမကျန်း
လက်ပမ်းကျနေတဲ့ သံသယဝင်္ကဘာထဲ
ငါ ထုံပေနေလျက် ... 
 -
Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar