Breaking News

မင်းငြိမ်းအေး - လောကပါလ (၂)

လောကပါလ (၂)
မင်းငြိမ်းအေး
(မိုးမခ) ဇူလိုင် ၉၊ ၂၀၂၃

သေဆုံးသွားတဲ့ကြယ်က
နောက်ထပ်ကြယ်တခုကို
ချန်ခဲ့
မမြင်တဲ့ဘက်မှာ
သစ်မြစ်တွေအလုပ်ရှုပ်ရပုံ
မြင်နိုင်တဲ့ဘက်မှာ
သစ်ရွက်လေးကတော့ထိုးပုံ
စစ်ကြီးထဲ
ပြေးလွှားနေရတဲ့ကျည်ဆံတွေ
မမောမပန်း
အမှောင်ကိုဖယ်လိုက်တော့လဲ
အမှောင်ပဲဝင်လာမှာသေချာ
ကြောက်ရွံ ့
မိုးမခပင်တွေ
ပြန့်ကားတဲ့မိုးရေတွေ
သေသူကိုပြန်နိုးမဲ့အစီအရင်တွေ
ချောင်းထဲမှာ
ကျဉ်းကျပ်နေတဲ့ရေ
မြစ်ကိုဖွဲ့စည်းနိုင်မှ
ရှင်သန်ရာရသလို
ကိုယ့်အသက်ရှုသံနဲ့အမျှ
ပွားများထားတဲ့ဘာဝနာကို
သံသယဖြစ်ဖွယ်တွေ့မိ
အမာရွတ်ဟာ
နာကျင်မှုကိုထိုးစိုက်ပြီး
အခက်အလက်ဝေဆာလာလိမ့်မယ်။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar