Breaking News

လင်းနွေးအိမ် - ရွှေအ

ရွှေအ
လင်းနွေးအိမ်
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၃

ရွှေအဟာ
ရွာ့အပြင်ဘက်သိပ်ဝေးဝေးသွားလေ့မရှိဘူး။

ရွှေအဟာ
လယ်စိုက်မယ်
ယာစိုက်မယ်
ငါးဖမ်းမယ်။

ရွှေအအိမ်မှာ
ရေရှိမယ်
ထင်းရှိမယ်
ဟင်းရှိမယ်
ဆီရှိမယ်
ဆန်ရှိမယ်ဆို 
ဘာမှမပူပဲ
အနန္တစကြဝဠာအကြောင်းထိုင်ပြောနေမယ်။

တခုတော့ရှိတယ်
ရွှေအဟာ
ရွှေဘခံနေရရင်မကြိုက်ဘူး
ရွှေဘပြန်ချရင်ဝက်ဝက်ကွဲလက်ခုပ်တီးအားပေးတယ်
ရွှေဘခံနေရရင် ပိတ်ကားကိုဂဲ (ခဲ) နဲ့ပေါက်မယ်
အဲဒါရွှေအပေးတဲ့ အချစ်ဖြစ်တယ်။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar