Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ငွေထုတ်ရင် သေရုပ်ဆင်


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ငွေထုတ်ရင် သေရုပ်ဆင်

(မိုးမခ) ဇူလိုင် ၂၄ ၊ ၂၀၂၃


ပိုက်ဆံများကွာ၊ ကာလာပရင်တာတလုံးရှိ ရတာပဲဆိုတဲ့ကောင်နဲ့ ဉာဏ်ရည်မကွာတာက ခေါသနီလင် ဗိုလ်တုကြင်စိုး။ မအလ ဆိုတော့ ငွေတုဂိုဏ်းနဲ့စာရင်တော့ ယတြာတွဲချေလို့ ရတာပေါ့။ နှစ်တွေ သောင်းချီရှည်ချင်လို့ နှစ်သောင်းထုတ်သတဲ့။ ကြောင်ချက်က ပြောင်လက်။ စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း ဆိုတဲ့ စနည်းကို အဓိကချေဖျက်ချင်လို့ စစ်ကိုင်းတံတားကြီး နောက်ကျောထိုးလို့ပလေ။ ရှေ့ဘက်ကတော့ သောက်ရူးထတဲ့အကွက်။ မင်းကောင်းမြတ်သော် ဆင်ဖြူပေါ် ဆိုတဲ့အထာ။ သူ မသိတာက မင်းခေါင်းပြတ်သော် ဆင်ဖြူပေါ် ဆိုတဲ့ အတိတ်တဘောင်။ အင်း နှစ်သောင်းတန် ထွက်လာရင်တော့ ကြင်စိုးဖို့သာ ပြင်ပေတော့မအလရေ။

ဗေဒင်ရူးချက်ကလည်း မြင်မကောင်း။ တပ်ထဲက ဗိုလ်ချုပ်တွေ ကိုယ့်နာမည်ကို ဖင်ပြန် ခေါင်းပြန် အဓိပ္ပာယ်ဖွင့်နေရသတဲ့။ အကြောင်းကတော့ တနေ့က ပြုတ်သွားတဲ့ ရဲချုပ်က နာမည်ကြောင့်တဲ့။ ဇင်မင်းထက် ဆိုလား။ အဲသမှာ မင်းထက်၊ မင်းထက် ထက်နေတာ။ မအလထက် ထက်နေတာဆိုတဲ့ အဓိပ္ပာယ်။ အဲဒါကြောင့် နီလင်းအောင်နဲ့ လဲတာတဲ့။ အနီကိုပါ အောင်ရမယ်ပေါ့လေ။ တချက်ခုတ် နှစ်ချက်ပြတ် ဆိုပဲ။

ဓားပြတိုက်တာကလည်း အဆင့်ဆင့်။ ရွာသူရွာသားတွေဆီက ရှေ့တန်းထွက် ရဲဘော်တွေ ဗိုလ်ပေါက်စတွေက တိုက်။ မြို့သူမြို့သားတွေဆီက တဆင့်မြင့်တွေက တိုက်။ လုပ်ငန်းရှင်တွေဆီက တိုင်းမှူး တပ်မမှူးတွေက တိုက်။ တိုင်းမှူးတွေဆီက မအလက တိုက်။ ရှေ့လျှောက်တော့ ဘယ်တိုင်းမှူးကမှ အဖမ်းခံတော့မယ် မဟုတ်တဲ့။ စစ်တိုင်းတတိုင်းလုံး ပိုင်တာကို ကြက်ကလေး ငှက်ကလေးလို အဖမ်းခံရတာ။ သောက်သုံးမကျချက်တော့။ 

ဒီလိုဘဲလေ၊ ဘာမှ မလုပ်တတ်တော့ လူဖြုတ်၊ ငွေထုတ်။ ငွေထုတ်ရင် သေရုပ်ဆင်တယ် ဆိုတာလောက်တော့ ကြားဖူးဖို့ကောင်းတယ်။ အင်း အမျှ အမျှ ကြင်စိုး မရပါစေနဲ့။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar