တည်ဘွားဦး - လွင်ပြင်ကျယ်ကြီးထဲ
လွင်ပြင်ကျယ်ကြီးထဲ
တည်ဘွားဦး
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၃
သတ္တိရှိတဲ့ကျားဟာ ဘယ်တော့မှ
လှောင်အိမ်ထဲ မနေသင့်ဘူး
ဘာမှမရှိတော့ဘူး
လိုအပ်မှ
လာသူတယောက်ရဲ့
ရက်စက်သော ဂီတ ၊
မှန်က
ငါ့ကိုလိုက်ကြည့်နေတာ
ဘယ်လိုမှ နေလို့မရတော့ဘူး
မှန်တွေက မိုးကြိုးလည်းမပစ်ဘူး ၊
ယုံကြည်မှုပျောက်ဆုံးခြင်းများလား
အဲဒီကတည်းက
ကိုယ်တွေကလည်း ဘယ်ဘုရားမှမဖူးတော့ဘူး။ ။
၃၀ ၆ ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar