Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ရဋ္ဌနန္ဒက = ကြိုးစင်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ရဋ္ဌနန္ဒက = ကြိုးစင်

(မိုးမခ) ဇူလိုင် ၂၈ ၊  ၂၀၂၃


အကြောင်းကံကတော့ နှစ်သောင်းတန်ဘဲ၊ ဗြောင်းဆန်တာကို ပျော့ထာ။

ကိုယ့်ဘွဆိုးလှမှတ်တာ၊ ဆင်ရိုးခံရတဲ့ကောင်ထက်တော့ ကြွယ်လို့ မရဘူးယေ။ 

ကြည့်၊ ဆင်က မွေးစက ဂရေး။ အဲဒါဂို ဘုန်းတော်ကြောင့် ဖြူလာ‌တော့မှာ ဝိုင်းကြပ်ကြတော့ အူချာဘော့တို့ ရင်ကော့ပီး ရဋ္ဌနန္ဒကတွေဘာဒေနဲ့ ဆင်နာမည်ပေးကင်ပွန်းတပ်တွေဘာဒေ ထလုပ်ပီပေါ့။ 

ဟိုက မဖွေးဘဲ ဂရေးကနေ အညိုဆင်၊ အညိုဆင်က မဲနယ်ပြောင်း၊ ခုတော့ ဆင်သားအမိ၊ ရေနွေးဖျောခံရမှာ ကြောက်နေလောက်ပေါ့။ ဟို ဂေါက်ကြောင်က မလုပ်ဖူးပြောမရ။ သူ့မှာလဲ ဆင်ဖြူဖြစ်မှ မင်းစစ်မယ်ဆိုတော့လေ။ ထင်သာထင် ပလ္လင်မတွေ့၊ ဆင်ဝှေ့ခံရကိန်းဆိုက်လာ။ ဒါဟာ ခြောက်လခံဆေး ထိုးပေးဖို့ မသေချာတဲ့သဘော။ 

ဒါထဲက စောက်တလွဲ ယတြာလုပ်မိ။ ဘုရားအနေကဇာတင်နဲ့ ဆင်မွေးနေ့ တွဲသတဲ့။ ခွေးနဲ့ပလ္လင် မြင်မကောင်း။ စိန်ကို ဒန်နဲ့ ကွပ်တာမို့ အထွဋ်ကို သတ်၊ အမြတ်ကို မစင်ထုတ် ဒါ ယတြာပုတ်လို့ ခေါ်တယ်။ လည်လွန်းတဲ့ဘီး ချေးသင့်ကြမ္မာ။ 

ယတြာပြောင်းပြန်ဖြစ်နေပါတယ်ဆို နှစ်သောင်းတန်ကို ကကြိုးဆင်ပုံနဲ့ ထုတ်အုံးမတဲ့။ ကြမ္မာငင်ဘီဆို အမြင်ဇောက်ထိုး ဂျောက်တိုးတော့တာကလား။

ကကြိုးနဲ့ ဆင်နော်။ တကယ်တော့ ဆင် ဆိုတာ မြင်းလို နွားလို ကကြိုးဆင်ရတာမဟုတ်ဖူးလေ။ 

အဲဒါဂို ကကြိုးဆင်မိတော့ ကတွတ်ပီ၊ ဟဲ့ တွတ်ပီ။ အဲလေ ဟုတ်ပေါင်၊ ကကြိုးဆင် ဟဲ့ ကြိုးစင်။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar