ကျော်မင်းထွန်း (NEW YORK) - ငါ့ကိုထားခဲ့
ငါ့ကိုထားခဲ့
ကျော်မင်းထွန်း (NEW YORK)
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၃
ငါ့ကိုထားခဲ့
ပြေး.. ပြေး.. ပြေး..
မင်းတို့လွတ်ရာပြေး
ဆန္ဒပြပြည်သူတွေကို စစ်ခွေးတွေလိုက်ပစ်တုန်းက။
ငါ့ကိုထားခဲ့
ဆုတ်.. ဆုတ်.. ဆုတ်..
မင်းတို့လွတ်ရာဆုတ်
အင်အားချင်းမမျှလို့ ရှေ့တလှမ်းတိုးဖို့
နောက်နှစ်လှမ်းဆုတ်ပေးရတုန်းက။
ငါ့ကိုထားခဲ့
သွား.. သွား.. သွား
မင်းတို့လွတ်ရာသွား
တက်လာတဲ့စစ်ကားတန်းကို ငါကာပစ်မယ်
တပ်စခန်းဟာ ရန်သူ့လက်တကမ်းမှာတုန်းက။
“ ငါ့ကိုထားခဲ့ ” တဲ့လား
ယမ်းငွေ့စွဲနေတဲ့ အမိန့်စကား
ပတ်ပတ်လည်မိုင်းထောင်ထားတဲ့
စစ်ခွေးတောင်ကုန်းပေါ် ငါတို့အလံတက်စိုက်ဖို့
သူ့ကိုထားခဲ့ခိုင်းတဲ့ သူရဲကောင်းကြီး
သူ့ရဲဘော်ပီဒီအက်ဖ်တွေ ဘေးကင်းဖို့
သူ့အသက်ကို အပ်နှင်းသွားသူကြီး။
အခုတော့
ကျုပ်တို့ကိုထားခဲ့
ကျုပ်တို့စခန်းကိုထားခဲ့
ခင်ဗျားသွားလိုရာသွားနိုင်ပြီလို့
ခင်ဗျားရဲ့စျာပနမှာ
ကျုပ်တို့ဘယ်လို ပြန်တမ်းစာထုတ်ရမလဲ ??
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar