Breaking News

ဆလိုင်းဇုန် - အောက်ချင်းငှက်များ

Image- Credit
အောက်ချင်းငှက်များ
ဆလိုင်းဇုန်
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၃

ဂျူလိုင်ရဲ့နေ့ရက်များဟာ မိုးဖွဲနေခဲ့
မပို့ဖြစ်တော့တဲ့ ပို့စကဒ်လေးလို
နံရံပေါ်က ဟာလာဟင်းလင်းထဲမှာ ငါ့အရိပ်ကိုချိတ်ဆွဲ
တောင်တန်းထဲက ယမ်းငွေ့တွေကိုမျှော်ကြည့်
ရှိ ရှိသမျှ သတ္တကမ္ဘာထဲမှာ 
ငါတို့လက်တွေကို အိတ်ကြီးထဲ ထိုးထည့်ခဲ့ကြ

စကားလုံးများလည်း လေထဲလွင့်ပြယ်
ခေါင်းထိုးရှာခဲ့တဲ့ ကွန်ယက်များ
အခန်းကျဉ်းထဲကနေတဆင့် ပြေးလမ်းမများဆီထိ

ဘွဲ့ရေ ……..
ငါတို့ ဖက်ငိုမိကြမှာပဲ
ငါတို့ မငိုခဲ့ကြဘူးမလား

မနက်ဖြန်အထိ ငါတို့အသက်ရှူနေသေးရင်
ဒီကနေ့အကြောင်း ပြန်ပြော ရီမောကြသေးတာပေါ့ ….

** * ခေတ္တ -ခရိုက်ချပ်စ်၊ နယူးဇီလန်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar