ကျော်ဇင်ငထင် - အစာ
ကျော်ဇင်ငထင်
(မိုးမခ) ဩဂုတ် ၂၀၊ ၂၀၂၃
ဟိုး ...ရှေ့က
လူတန်းကြီး ။
လူတန်းရှည်ကြီး
သားတွဲလောင်းနဲ့ တဗိုက်နဲ့
အရူးမလင်ပျောက်က
ပါတိတ်ဝမ်းဆက်နဲ့
ခေါင်းပေါင်းနဲ့ ဖာခေါင်းက
လက်ပတ်တံဆိပ်နဲ့
မိုးတားတဲ့ နဂါးက "ကိတ် "နေမှ
သံသရာတပတ်လည်ပြီကွ ..
ဝ ဝ လင် လင် စားရဖို့
လိမ်ဆွဲဆောင်မှု အပြည့်ရှိဖို့
ခေါင်း ရင်းတတ်ဖို့
မွေးမလာသေးတဲ့ ကလေး အသက်ရှင်ဖို့
ဒုက္ခ ကို ကျုပ်က "အစာ" လို့ဖွဲ့ချင်တယ်။
ထမင်းလုံးတလုံးဟာ
အသက်ဓာတ်ဖြစ်ကြောင်း ပေါ့ ။
သူတို့နိုးလာတော့
ပြာပုံထဲက ဂျပန် မှာ လူ ဖြစ်ကြတယ်။
အားလုံးနိုးလာတော့ ကမ္ဘာကြီးက
ရူး နေပြီ ။ ။
၂၈.၇.၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar