Breaking News

မောင်လင်းရိပ် - နတ်ရေကန်ဟာ နတ်ကြီးမှာ အသေအချာ

Art by Than Htay Maung
နတ်ရေကန်ဟာ နတ်ကြီးမှာ အသေအချာ
မောင်လင်းရိပ်
(မိုးမခ) ဩဂုတ် ၃၀၊ ၂၀၂၃

သွေးချင်းက ကွာတာကို အေတွေ ဘီတွေ အေဘီတွေ အိုတွေ ထည့်မစဉ်းစားဘဲ လက်ခံရတော့မှာ
ပဲပိစပ်ပင် အညွန့်ကလေးတွေဟာ မြောက်ဘက်ကို ယိမ်းနေကြပြီး
နေကြာပွင့်လည်တံရဲ့ အစောင်းအငဲ့ကိုလည်း နေရောင်ခြည်ကျရာမျဉ်းနဲ့ ဆက်စပ်ကြည့်ပေါ့
သူ့သားကလေး နတ်ရေကန်ထဲ ခုန်ဆင်းဖြစ်ပုံကို မုံရွာကျောင်းသူဟောင်းက ပြောပြတဲ့နေ့မှာ
ဆယ့်ငါးနှစ်ဆိုတာ ကြာချင်မှလည်း ကြာ ဘာမှလည်းကြာတာမဟုတ်ဘူးလို့ စိတ်ကို ပက်လက်ကူးနဲ့ ဖော့ရ
နတ်ရေကန်ဆိုတာ အက်ဆစ်လို စားတဲ့ခါလည်း စားပစ်နိုင်တာကြောင့်
နွေဦးနတ်ရေကန်အတက်မှာ သပြေညွန့်လေးတွေကို လက်ခံဖို့အသင့်ပဲလို့ မသွေတမ်းစိတ်မညွတ်နိုင်ရာ
အကြောင်းပြချက်ဟာ အကြောင်းပြချက်ပဲ အချင်းအရာထဲမှာ အချင်းအရာဟာ ဝှက်ထားလို့ မရဘူး
သင့်ကိုယ်သင် ခွင့်လွှတ်နိုင်ဖို့ရာ တည်ဆောက်မှုခိုင်ခိုင်နဲ့ ပြင်ဆင်ပေါ့
အဲ့ဒီကောင်တွေဆီက မိကျောင်းမျက်နှာ နမူနာသွေးကူးချင်လည်း ကူးပေါ့
သွေးချင်းကွာတာကိုတော့ နှစ်ခါ မစဉ်းစားတဲ့ ကောင်လေးတွေက ထူးပြီး ပြမနေပါဘူးတဲ့
ခံစားမှုမှာ အရူးအမူးဆိုပြီး ပင်လယ်ပြာပြာမှာပဲ ကူးဖို့စိတ်ကူးနေရင်တော့ အထူးရာဂုမတ္တက နီးပါးမျှသာ
ဗီဇပါလာတဲ့ ရာဂုမတ္တကတွေရော ဗီဇပါလာတဲ့ အန္ဓတွေရော နတ်ရေကန်ထဲ ဆင်းခွင့်ရှိပါတယ်
နိုင်ငံရေးမှာရော ကဗျာမှုမှာပါ လူရိုသေ ရှင်ရိုသေ ဖြစ်ဖို့ရာ လူတိုင်းမှာ ဘယ်တာဝန်ရှိပါ့မလဲ
ရွေးချယ်ဝတ်ဆင်တဲ့ ဝတ်စုံဟာ လူရိုသေ ရှင်ရိုသေဆိုရင်သာ အဲ့သဟာ သင်နဲ့ တိုင်းချုပ်ထားတာဖြစ်မယ်
ပုံစံပြာမှာထဲက ခပ်ချာချာ ဗိသုကာမှုဟာ ဘယ်လောက် ခေတ်မီဆန်းသစ်တဲ့ သုတ်ဆေးနဲ့ နံရံကပ်ကြွေပြားတွေမှ အားကိုးလို့ ရဖွယ်မရှိတော့ပါ
တည်မိတဲ့ ဘုရား လဒနားနားဆိုရင်တော့လည်း လဒဝဲဘုရားလို့ အရပ်က ခေါ်ရုံသာ ရှိမှာပ

၂၀၂၃၊ ဩဂုတ် ၂၉
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar