Breaking News

နိုင်မွန်အောင်သွင် - ဓားအိမ်ကဓားကိုမျိုထားမတတ် ချစ်သလိုမျိုး...၊ နောက်ဆုတ်ရိုးထုံးစံမရှိဘူး ဟန်နီ

ဓားအိမ်ကဓားကိုမျိုထားမတတ် ချစ်သလိုမျိုး...၊
နောက်ဆုတ်ရိုးထုံးစံမရှိဘူး ဟန်နီ
နိုင်မွန်အောင်သွင် 
( မိုးမခ) စက်တင်ဘာ ၇၊ ၂၀၂၃

မင်းပေးခဲ့တဲ့သက်တံလေးဟာ
အိပ်မက်တွေထဲအထိ
လာရောက်ညွတ်ကိုင်းနေခဲ့တယ်။
ရင်ညွန့်မှာ မီးပွားတွေလွင့်ကျနေတာတောင်မှ
နှလုံးသားက စုံလုံးကန်းနေဆဲပဲ။
ကိုယ့်ရာဇဝင်နဲ့ကိုယ်
ကိုယ့်မြို့ရိုးကို ကိုယ်မြိုထားတယ်။
ပြေးလို့လွတ်မယ်ဆိုလည်း
ငါ့နှလုံးသားက မကျွတ်မလွတ်။
လွမ်းဖို့ကောင်းလည်း
ဒီလမ်းကိုပဲ ဆက်လျှောက်မယ်။
ချစ်ခြင်းက
သွေးကြောတွေထဲအသက်ပြင်းခဲ့ပြီ။
ဘဝဆိုတာ
ရရာလက်နက်နဲ့ ရှေ့တက်ရဲဖို့ပါပဲ။
ဓားအိမ်ကဓားကိုမျိုထားမတတ် ချစ်သလိုမျိုး...၊
နောက်ဆုတ်ရိုးထုံးစံမရှိဘူး ဟန်နီ။

၇.၉ ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar